ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သတင်းထုတ်ပြန်ချက် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၁၃/၂၀၂၀)

၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့၌ ကျင်းပသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် (၃) ရပ်အတွက် မဲဆန္ဒနယ် (၇) နေရာသို့ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်ပြီး ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ ယင်းကဲ့သို့ စောင့်ကြည့်လေ့လာ ရာတွင် နိုင်ငံတကာရှိ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများက သက်ဆိုင်ရာ ရွေးကောက်ပွဲ များကို စောင့်ကြည့်လေ့လာသည့် စံသတ်မှတ်ချက်များအား အခြေပြု၍ လေ့လာခဲ့ခြင်း ဖြစ်ပါ သည်။
၂။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ ထန်းတပင် မြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ်၊ တွံတေးမြို့နယ်များရှိ မဲဆန္ဒနယ် (၇) နယ်မှ မဲရုံပေါင်း (၂၀) ရုံကို စောင့်ကြည့်လေ့လာခဲ့ပါသည်။
၃။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က အထွေထွေရွေးကောက်ပွဲနေ့၌ စောင့်ကြည့်လေ့လာခဲ့သော မဲရုံများတွင် ဆန္ဒမဲပေးခြင်း၊ မဲရေတွက်ခြင်းနှင့် မဲရလဒ်စာရင်းပြုစု ခြင်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ပါကြောင်း ထုတ်ပြန် အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၉ ရက်