မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် ( ၄ / ၂၀၁၉)

၁။      ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို အင်းစိန်ဗဟိုအကျဉ်းထောင်၊ တောင်ငူ၊ ဘားအံ၊ မန္တလေးဗဟိုအကျဉ်းထောင်၊ လွိုင်ကော်၊ မြိတ်၊ သရက်၊ ကသာနှင့် မုံရွာအကျဉ်း ထောင်များမှ အကျဉ်းသား/သူ၊ အချုပ်သား/သူ ၁၇၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြရာ အင်းစိန်ဗဟို အကျဉ်းထောင်၊ မန္တလေးဗဟိုအကျဉ်းထောင်နှင့် တောင်ငူအကျဉ်းထောင်များမှ အကျဉ်းသား/သူ ၉၄ ဦး အောင်မြင်ခဲ့သဖြင့် အောင်ချက်ရာခိုင်နှုန်း ၅၄.၉၇ ရာခိုင်နှုန်းရှိပြီး မန္တလေးဗဟိုအကျဉ်းထောင် စာစစ်ဌာနမှ ၃ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ ၄ ဦး၊ ၂ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၃ ဦး၊ ၁ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၀ ဦး နှင့် မန္တလေးဗဟိုအကျဉ်းထောင် စာစစ်ဌာနမှ ၂ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ ၃ ဦး၊ ၁ ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ ၁၁ ဦးထိ ရှိခဲ့ကြောင်း သိရှိရပါသည်။

၂။       အကြောင်းအမျိုးမျိုးကြောင့် ပညာရေး တစ်ပိုင်းတစ်စဖြင့် အကျဉ်းထောင်များ အတွင်းသို့ ရောက်ရှိလာကြသော အကျဉ်းသား/အကျဉ်းသူများအား ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၆၊ (၁) တွင် ဖော်ပြပါရှိသည့်“လူတိုင်းတွင် ပညာသင်ယူခွင့်ရှိသည်” ဟူသော အခွင့်အရေးကို ခံစားခွင့်ရရှိစေရန် အကျဉ်းဦးစီးဌာန တာဝန်ရှိသူများ၏ အားတက်သရော ဆောင်ရွက်ပေးမှုအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်းနှင့် အကျဉ်း ထောင်များအတွင်း ကျန်ရှိနေသော ပညာဆက်လက်သင်ယူလိုသူ အကျဉ်းသား/သူများအတွက် လည်း  ယခုကဲ့သို့ပညာ သင်ကြားနိုင်ခွင့်ရရှိရေးကို  ဆက်လက်ဆောင်ရွက်ပေးစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ  ၁၄  ရက်