မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၂၉/ ကာကွယ် / ၂၀၁၇)

၁။      ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အဗျားဘိုတဲ ကျေးရွာနေ အမျိုးသမီးတစ်ဦးက ၎င်းအား ဝေါမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် မဟုတ်မမှန်လုပ်ကြံ တိုင်ကြားခဲ့သည့် အမျိုးသားတစ်ဦး၊ မြဝတီမြို့မရဲစခန်းအတွင်း ခြိမ်းခြောက်ခဲ့သူ အမျိုးသားတစ်ဦးနှင့် မတရား ဖမ်းဆီးခဲ့ကြသော မြဝတီမြို့မရဲစခန်းနှင့် ဝေါမြို့မရဲစခန်းတို့မှ ရဲအရာရှိများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူပေးပါရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ တိုင်ကြားစာပေးပို့ခဲ့ရာ အမျိုးသား လွှတ်တော်ရုံးမှတဆင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ တိုင်ကြား စာနှင့် စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ပေးပါရန်နှင့် ဆောင်ရွက်မှု အခြေအနေအား အကြောင်းပြန်ကြား ပေးပါရန် အမျိုးသားလွှတ်တော်ရုံးမှ အမှုတွဲလွှဲပြောင်းပေးပို့လာပါသည်။

၂။         အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ အဖြစ်မှန်အားသိရှိနိုင်ရန် ကော်မရှင် ကွင်းဆင်း စုံစမ်းစစ်ဆေးရေး အဖွဲ့သည် အခင်းဖြစ်ပွားရာ ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့သို့ ၁၂-၁၀-၂၀၁၇ ရက်နေ့ မှ ၁၃-၁၀-၂၀၁၇ ရက်နေ့အထိ သွားရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်များအပေါ် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ၁၇-၁၀-၂၀၁၇ ရက်နေ့တွင် အမျိုးသား လွှတ်တော်ရုံးသို့ ပေးပို့အကြောင်းကြားခဲ့ပြီးဖြစ်ပါသည်။

                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊အောက်တိုဘာလ    ၁၉   ရက်