ဆောင်ရွက်ချက်အမှတ်စဉ် (၁၈/၂၀၁၆/ကာကွယ်) (ရေဖြူဘုန်းကြီးကျောင်းကိစ္စ)

၁။      ဦးဝိသုဓမ္မဝံသသည် ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု၊ ရေဖြူရွာမြောက်ဘက် တောအုပ်ကို ရှင်းလင်း၍ ကျောင်းဆောက်ကာ မြန်မာသက္ကရာဇ် ၁၃၆၆ ခုနှစ်တွင် သီတင်း သုံး နေထိုင်ခဲ့ကြောင်း၊ ၁၃၇၅ ခုနှစ်တွင် ရေဖြူကျေးရွာ၊ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ၎င်း ၏ကျောင်းကို မီးရှို့ဖျက်ဆီး၍ အလှူငွေများ သိမ်းယူကာ ရှင်သာမဏေ ၁ ပါးကို နှင်ထုတ်ခဲ့ ကြောင်း၊ ၎င်းနေရာ၌ နေထိုင်ခွင့် မပြုဟု အတင်းအကြပ် လက်မှတ်ရေးထိုးစေခဲ့ကြောင်း စ သည်ဖြင့် ရက်စွဲ မပါမှတ်ပုံတင်မိတ္တူနှင့် လက်မှတ်၊ ဖုန်းနံပါတ်သာ ပါရှိသော တိုင်ကြားစာ ကို ၆-၅-၂၀၁၆ နေ့တွင် လက်ခံရရှိခဲ့ရာ ဖုန်းဆက်သွယ်၍ လိုအပ်ချက်များ ပေးပို့ရန် လျှောက် ထားခဲ့ပါသည်။

၂။      လိုအပ်ချက်များ ပြည့်စုံစွာ ရရှိပြီးနောက် ကော်မရှင်သည် ၇-၆-၂၀၁၆ နေ့တွင် အစည်း အဝေးထိုင်ပြီး၊ စိစစ်ဆောင်ရွက်ပေးပါရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသို့ ၁၀-၆-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ရာ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဦးဝိ သုဓမ္မဝံသသည် ဆီဆိုင်မြို့နယ်နှင့် နောင်ကျောကျေးရွာအုပ်စု သံဃနာယကအဖွဲ့တို့၏ခွင့်ပြု ချက်မရဘဲ တရားမဝင် ကျောင်းဆောက်လုပ် နေထိုင်ခဲ့ကြောင်း၊ ထို့နောက် ကျေးရွာရှိ သံ ဃာများ၊ ရွာသားများနှင့် ပဋိပက္ခဖြစ်ပွားကာ ကျောင်းကို ဖျက်ဆီးခြင်း၊ ညအချိန်၌ အမည် မသိ လူတစ်ဦးက လာရောက်မီးရှို့ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် ၎င်းမြေကို အုပ်စု သံဃနာယကနှင့် ရွာသားများက အိမ်ဝိုင်းကွက်များ ရိုက်ပြီး၊ ရောင်းချ၍ ရရှိခဲ့သော ငွေကို ရေဖြူရွာ ဘုန်းကြီးကျောင်းဝင်းအတွင်း၌ ဆွမ်းစားဆောင် ဆောက်လုပ်ခဲ့ကြကြောင်း၊ ဆီ ဆိုင်မြို့နယ် သံဃနာယကက ပဋိပက္ခဖြစ်ပွားခဲ့သော သံဃာများနှင့် လူပုဂ္ဂိုလ်များအား မြို့ နယ်တာဝန်ရှိပုဂ္ဂိုလ်များ ရှေ့တွင် ဆုံးမဩဝါဒ ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပြီးဖြစ်ကြောင်း ၂၈-၇-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၃။      ကော်မရှင်က ဦးဝိသုဓမ္မဝံသနှင့် သာမဏေရှင်ဝဏ္ဏဗဠတို့အား သင့်တင့်သောနေရာ၌ သီတင်းသုံးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးသင့်ပါကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနသို့ ၁၂-၈-၂၀၁၆ နေ့တွင် ထပ်မံအကြောင်းကြားခဲ့ရာ၊ ဆီဆိုင်မြို့နယ်သံဃနာ ယကအဖွဲ့ဥက္ကဋ္ဌဆရာတော်က ဦးဝိသုဓမ္မဝံသနှင့် သာမဏေတို့အား ဝိနည်းတော်နှင့်အညီ သတင်းသုံးနေထိုင်ရန် ဆုံးမဩဝါဒပေးပြီး၊ ယခင်သီတင်းသုံးခဲ့သော ရေဖြူရွာမြောက်ဘက် မူလနေရာ၌ပင် နေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေး မှုဝန်ကြီးဌာနက ၃၀-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      သက်ဆိုင်သူများထံသို့ ၆-၉-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ပါသည်။

ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၇ ရက်