ဆောင်ရွက်ချက်အမှတ်စဉ် (၁၇/၂၀၁၆/ကာကွယ်) (ကမာစိုင်ခြံမြေ)

၁။      သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာ၊ ကွင်းအမှတ် (၄၂၄)၊ ကမာစိုင်ကျေးရွာ၊ ဦးပိုင်အမှတ် (၁၁၈) တွင် ရှိသော ဘိုးဘွားပိုင်ခြံမြေများအား စက်မှုဝန်ကြီးဌာနမှ သိမ်းဆည်းခဲ့ပြီး ပိုင်ရှင် များထံ ပြန်လည်ပေးအပ်ခြင်း မရှိဘဲ အကွက်ချစီမံခြင်းကို ကန့်ကွက်ကြောင်း ဦးလှခိုင်မှ ကော်မရှင်အပါအဝင် လိပ်စာ ၉ ခုသို့ ၅-၇-၂၀၁၆ နေ့တွင် တိုင်ကြားခဲ့ရာ၊ လိုအပ်သောအ ထောက်အထားများ မပြည့်စုံသဖြင့် ၁၃-၇-၂၀၁၆ နေ့တွင် တောင်းခဲ့ပါသည်။

၂။      အထောက်အထားများ ပြည့်စုံစွာ ရရှိ၍ ကော်မရှင်သည် ၅-၈-၂၀၁၆ နေ့တွင် အစည်း အဝေးထိုင်ပြီး စိစစ်ဆောင်ရွက်ပေရန် စက်မှုဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့သို့ ၁၁-၈-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၃။      မွန်ပြည်နယ်အစိုးရက ၎င်းမြေသည် အစိုးရပိုင်မြေဖြစ်၍ ကြံစီမံကိန်းအရ ကြံစိုက်ပျိုး ရန် တောင်သူများအား လုပ်ကိုင်ခွင့် ပြုခဲ့ပြီး ၁၉၈၀ ခုနှစ် ကြံစီမံကိန်းဖျက်သိမ်းသည့် အချိန် မှစ၍ အဆိုပါမြေများအား ပြန်လည်သိမ်းယူကာ စက်မှုဝန်ကြီးဌာနမှ ရော်ဘာစိုက်ပျိုးမြေအဖြစ် အသုံးပြုခဲ့ကြောင်း၊ တင်ပြသူ ဦးလှခိုင်(ပါ) ၃၂ ဦးသည် အစိုးရပိုင်မြေအား ယခင်ကြံစီ မံကိန်းအရ ၁၃ နှစ်ခန့် ယာယီလုပ်ကိုင်ခွင့် ရရှိခဲ့ခြင်းအပေါ် မူလလက်ငုတ်ဖြစ်သည်ဟုဆိုကာ မြေပြန်လည်ရယူလိုမှုဖြင့် တင်ပြခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိတွင် စက်မှုဝန်ကြီးဌာန၊ အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်းမှ ကြီးကြပ်လျှက်ရှိသော မရမ်းတောင်ရော်ဘာခြံ၏မိုး ကောင်းခြံခွဲမှ ဌာနပိုင်မြေအဖြစ် လုပ်ပိုင်ခွင့်ပုံစံ(၇) ရရှိထားပြီးဖြစ်ခြင်းတို့ကြောင့် ပြန်လည် စွန့်လွှတ်ရန် မရှိဟု စက်မှုဝန်ကြီးဌာနမှ သဘောထားမှတ်ချက် ပြန်ကြားခဲ့ကြောင်း၊ မြို့နယ်ကော်မတီနှင့် ကျေးရွာအုပ်စုကော်မတီတို့မှ တိုင်ကြားသူများအား ခေါ်ယူအသိပေး ရှင်းပြပြီး ဖြစ်ကြောင်း စသည်ဖြင့် ၂၅-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      တိုင်ကြားသူများထံ ၆-၉-၂၀၁၆ နေ့တွင် အကြောင်းကြားပြီးဖြစ်ပါသည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်