မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၁၆/ကာကွယ်/၂၀၁၇)

ယုဇနဥယျာဉ်မြို့တော်၊ ၉၄ ရပ်ကွက်ရှိ ၁၃ နှစ်အရွယ် အိမ်အကူ မိန်းကလေးငယ်အား ညှဉ်းပန်းနှိပ်စက်ခံရသည့် ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်ဦးဆောင်သည့် အဖွဲ့သည် ဒဂုံဆိပ်ကမ်းမြို့နယ် ရဲစခန်းသို့ သွားရောက် ၍ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲစခန်းမှူးနှင့် အမှုစစ်အရာရှိတို့အား တွေ့ဆုံကာ အမှုနှင့် ပတ်သက်၍ ဆောင်ရွက်ချက်များကို မေးမြန်းစုံစမ်းခြင်း၊ မရမ်းကုန်းမြို့နယ်၊ မလိခလမ်းရှိ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီး ကလေးများသင်တန်းကျောင်းသို့ သွားရောက်၍ ကာယကံရှင်ဖြစ်သူ မခိုင်နှင်းဝေအား ထိန်းသိမ်း စောင့်ရှောက်ဆောင်ရွက်ထားရှိမှု အခြေအနေကို ကျောင်းအုပ်ကြီးနှင့် တွေ့ဆုံမေးမြန်းခြင်း၊ မခိုင်နှင်းဝေနှင့် တွေ့ဆုံကာ အားပေး စကားပြောကြားခြင်း၊ အလှူငွေနှင့် ဗလာစာအုပ်များ ပေးအပ် ပံ့ပိုးဆောင်ရွက်ခဲ့ပါသည်။

  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်