ဆောင်ရွက်ချက်အမှတ်စဉ် (၁၅/၂၀၁၆/ကာကွယ်) (အမဲခေါင်လယ်မြေကိစ္စ)

၁။      ပဲခူးတိုင်းဒေသကြီး၊ ဇေယျဝတီမြို့၊ အမဲခေါင်ကျေးရွာအုပ်စု၊ နရိုင်ပူရွာ၊ ဂိုပါလကန် ရွာ၊ ထန်းကုန်းရွာများရှိ မြေများကို လယ်သမားများက ၁၈၉၂ ခုနှစ်မှ စတင်၍ ဓါးမဦးချ လုပ်ကိုင်ခဲ့ပါကြောင်း၊ ဂရန်ပေါက်သောမြေများ ဖြစ်ပါကြောင်း၊ ထိုမြေများကို ဦးလာလူး (ခ) ဦးမျိုးသူမှ အဓမ္မအကြမ်းဖက် သိမ်းဆည်းခဲ့ကြောင်း၊ ၎င်းကိုယ်တိုင် မစိုက်သောမြေ တွင် လယ်သမားများက စိုက်၍ စပါးရိတ်သိမ်းသည်ကို ခိုးယူမှုနှင့် အရေးယူခဲ့ကြောင်း၊ ဦး လာလူးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရဲများ၏အကူအညီဖြင့် လယ်သမားများကို ပုဒ်မ အမျိုးမျိုးဖြင့် တရားစွဲဆိုခဲ့ကြောင်း၊ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြေတိုင်း စာရေးနှင့် ဥပဒေအကြံပေးတို့အား အရေးယူပေးပါရန် လေဘာဦးမြင့်စိုးမှ ကော်မရှင်သို့ ၂၃-၂-၂၀၁၆ နေ့တွင် တိုင် တန်းခဲ့ပါသည်။

၂။      ကော်မရှင်သည် ၂၅-၂-၂၀၁၆ နေ့တွင် အစည်းအဝေးထိုင်ပြီး၊ စိစစ်ဖြေရှင်းပေးပါရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၇-၃-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ပါသည်။ ရက် ၃၀ အတွင်း ပြန်ကြားမှု မရှိသဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ၂၆-၆-၂၀၁၆ နေ့တွင် ပထမအကြိမ် နှိုး ဆော်ခဲ့ပါသည်။

၃။      ပြည်ထဲရေးဝန်ကြီးဌာနက အခင်းဖြစ်ပွားသည့်လယ်မြေ ၈၄.၇၄ ဧကနှင့်ပတ်သက် ၍ လယ်သမားများနှင့် အငြင်းပွားနေသော ဦးလာလူး (ခ) ဦးမျိုးသူသည် လူမျိုးတူ ဟိန္ဒူ များအပေါ် အမုန်းမပွားလိုခြင်း၊ လေဘာဦးမြင့်စိုးက လယ်သမားများအား စုစည်း၍ အမျိုး မျိုးခြိမ်းခြောက်နေမှုကို ကြောက်ရွံ့ခြင်းတို့ကြောင့် ၎င်းလယ်မြေများအား ၂၃-၂-၂၀၁၆ နေ့ တွင် လယ်သမားများ၏ကိုယ်စား လေဘာဦးမြင့်စိုးထံ အပ်နှံခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းက နရိုင်ပူရွာသားများအား တရားလိုပြုလုပ် တိုင်ကြားခဲ့သောအမှု ၆ မှုအနက် ၂ မှုအားကျေအေး ရုပ်သိမ်းခဲ့ပြီး၊ ၁ မှုအား ကျေအေးရုပ်သိမ်းခွင့်ပြုရန် ဖြူးမြို့နယ်ဥပဒေရုံးသို့ တင်ပြထား ကြောင်း၊ ၁ မှုကို တရားရုံးမှ ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ၁ မှုမှာ တရားရုံးစစ်ဆေး ဆဲ၊ ၁ မှုမှာ ရဲတပ်ဖွဲ့မှ စစ်ဆေးဆဲဖြစ်ကြောင်း၊ ဖြူးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် ရဲတပ်ဖွဲ့ဝင်များ သည် ဇေယျဝတီရဲစခန်း (ပ) အမှတ် (၂၁/၂၀၁၆)၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉ အမှုမှ သက် သေခံပစ္စည်းမတ်ပဲများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သိမ်းဆည်းခဲ့ခြင်း သာဖြစ်ကြောင်း ၂၃-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      တိုင်ကြားသူများထံသို့ ၆-၉-၂၀၁၆ နေ့တွင် အသိပေးအကြောင်းကြားခဲ့ပြီးဖြစ်ပါ သည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်