မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် ( ၁၄ /ကာကွယ်/၂၀၁၈)

၁။      ရိုက်တာသတင်းထောက် ကိုဝလုံး၊ ကိုကျော်စိုးဦးတို့နှင့် ဒုတိယရဲမှူး မိုးရန်နိုင်တို့ကို ဖမ်းဆီး ထားသော အမှုဖြစ်စဉ်တွင် ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ၎င်း၏ မိသားစုဝင်များ လူ့အခွင့်အရေး ထိခိုက် နစ်နာမှု မရှိစေရေး ဆောင်ရွက်ပေးပါရန် မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ (PCMJ) အဖွဲ့ဝင် ၅ ဦးတို့မှ ၂၃-၄-၂၀၁၈ (တနင်္လာနေ့) ရက်စွဲပါစာဖြင့် ကော်မရှင်သို့ တိုင်ကြားစာ ပေးပို့လာ ပါသည်။

၂။      အဆိုပါတိုင်တန်းချက်နှင့်ပတ်သက်၍ ၂၃-၄-၂၀၁၈ ရက်နေ့ ၁၀:၀၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်သော ကော်မရှင်မျက်နှာစုံညီအစည်းအဝေး ဆုံးဖြတ်ချက်အရ ဒုတိယရဲမှူး မိုးရန်နိုင်နှင့် ၎င်း၏မိသားစုဝင်များ တွေ့ဆုံခွင့်ရရှိရေးအပါအဝင် ၎င်းတို့၏အခြေခံလူ့အခွင့်အရေးများ ထိခိုက်မှု မရှိစေရေး လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ အကြောင်းကြား ထားပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

                                                                မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဧပြီလ  ၂၃ ရက်