မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၁၁/ကာကွယ်/၂၀၁၈)

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်တွင် အသက် ၁၃ နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအား အဓမ္မပြုကျင့်ခံရခြင်းကြောင့် ရဲစခန်းသို့ တိုင်ကြားခဲ့သော်လည်း ကျူးလွန်သူ အမျိုးသားသည် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဆွေမျိုးတော်စပ်သူဖြစ်သဖြင့် ထိရောက်စွာအရေးယူမှု မရှိကြောင်းတိုင်တန်းချက်ကို ပြည်သူ့လွှတ်တော်မှ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် သို့ ပေးပို့လာသဖြင့် ကော်မရှင် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားသည့် ဒေသသို့ ၁၉-၃-၂၀၁၈ ရက်နေ့မှ ၂၁-၃-၂၀၁၈ ရက်နေ့ထိကွင်းဆင်းစစ်ဆေးခဲ့ပြီးစစ်ဆေးတွေ့ရှိချက်၊ သုံးသပ်ချက်နှင့်တကွ သက်ငယ်မုဒိမ်းကျူးလွန်ခဲ့သူ တရားခံအားအမြန်ဆုံးဖမ်းဆီး၍ ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်းပြည်ထဲရေးဝန်ကြီးဌာနသို့ အကြံပြုခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်

ရက်စွဲ၊၂၀၁၈ခုနှစ်၊မတ်လ  ၃၀  ရက်