မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ် (၁၀/ကာကွယ်/၂၀၁၈)

ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်မှ အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး အား အဓမ္မပြုကျင့်ခံရခြင်းကြောင့် ရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ရာ ရဲစခန်းမှူး၏ဇနီးမှ ကာယကံရှင် မိန်းကလေးငယ်ကိုစစ်ဆေးရာတွင် သားသမီးချင်းစာနာမှုမရှိဘဲမကြားဝံ့မနာသာ ပြောဆိုဆက်ဆံခြင်းများ ရှိကြောင်း တိုင်တန်းချက်ကို ပြည်သူ့လွှတ်တော်ရုံးမှ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့ ပေးပို့လာသဖြင့် ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် အခင်းဖြစ်ပွားရာ ဒေသသို့ ၁၉-၃-၂၀၁၈ ရက်နေ့မှ ၂၁-၃-၂၀၁၈ ရက်နေ့အထိကွင်းဆင်းစစ်ဆေးခဲ့ပြီး စစ်ဆေး တွေ့ရှိချက်၊ သုံးသပ်ချက်နှင့်တကွ လူပုဂ္ဂိုလ်၏ ဂုဏ်သိက္ခာနှင့်လုံခြုံမှုကို ထိပါးစေပြီး ရဲလုပ်ထုံး လုပ်နည်းနှင့် ညီညွတ်မှုမရှိသည့် ဆောင်ရွက်မှုများအတွက် ထိရောက်စွာအရေးယူရန် ပြည်ထဲရေး ဝန်ကြီးဌာနသို့ အကြံပြုခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်

ရက်စွဲ၊၂၀၁၈ခုနှစ်၊မတ်လ၃၀ရက်