မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၁၈/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ လွိုင်ကော်အကျဉ်းထောင်အား ၂၅-၉-၂၀၁၉ ရက်နေ့နှင့် ၂၆-၉-၂၀၁၉ ရက်နေ့များ တွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အကြံပြုချက်များ ပေးပို့ခဲ့ပါသည်။

၂။       လွိုင်ကော်အကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    အကျဉ်းထောင် အကျယ်အဝန်းအရ ကျဉ်းသော်လည်း အသက်မွေးဝမ်းကြောင်း သင် တန်းများကို အခါအားလျော်စွာ ပိုမို ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ခ)     အမျိုးသမီးဆောင်တွင် ရေကန်သေးပြီး ရေလုံလောက်မှုမရှိသောကြောင့် နည်းလမ်းရှာ ဖြေရှင်းပေးသင့်ပါသည်။

(ဂ)     နေ့စဉ်ထုတ်သတင်းစာများ ဖတ်ရှုခွင့်ရရှိရေး၊ ရုပ်မြင်သံကြားသတင်းများ ကြည့်ရှုခွင့် ရရှိရေး ခွင့်ပြုပေးသင့်ပါသည်။

(ဃ)    အမျိုးသမီးဆောင်တွင် အားကစား ပြုလုပ်ခွင့်မရကြောင်း သတင်းပို့တင်ပြကြသဖြင့် အားကစား ပြုလုပ်နိုင်ရေး အချိန်၊ နေရာ စီစဉ်ပေးသင့်ပါသည်။

(င)     ရင်ခေါင်းအောင့်ပြီး အသက်ရှူမဝဖြစ်နေကြောင်း သတင်းပို့တင်ပြသည့် အကျဉ်းသား တစ်ဦးကို စစ်ဆေးကုသပေးသင့်ပါသည်။

(စ)     အကျဉ်းထောင်စာကြည့်တိုက်တွင် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများ ထပ်မံ ဖြည့်ဆည်းနိုင်ရေး ဝန်ထမ်းအားလုံးမှ အလေးထားဆောင်ရွက်၍ စာကြည့်တိုက်စနစ် အား တိုးတက်စေရေး ဆောင်ရွက်သင့်ပါသည်။

(ဆ)    ဘယ်ဘက်မျက်စိ အသားတက်ပြီး ကြည့်ရှု၍ မကောင်းကြောင်း တင်ပြသည့် အကျဉ်း သား တစ်ဦးကို လိုအပ်သလို စစ်ဆေး ကုသဆောင်ရွက်ပေးသင့်ပါသည်။

(ဇ)     အကျဉ်းသား/အကျဉ်းသူများကို ကျွေးမွေးသော အစားအသောက်များမှာ ကောင်းမွန် ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဆက်လက်ထိန်းသိမ်းထားသင့်ပါသည်။

(ဈ)     ပြင်ပမှ သားသမီးငယ်များမှ မိခင်အကျဉ်းသူ၊ အချုပ်သူများကို ဧည့်တွေ့လာရောက် ချိန်တွင် အနီးကပ်ချီပိုးတွေ့ဆုံခွင့်ကို အခါအားလျော်စွာ ခွင့်ပြုပေးသင့်ပါသည်။

(ည)    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့သော အကျဉ်းသားများအပေါ် အငြိုးအတေးထား၍ ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်းများအပါအဝင် လက်တုံ့ပြန်မှု မပြုစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေပုဒ်မ ၃၈ အရအလေးထားဂရုပြု ဆောင်ရွက် ပေးပါရန် အကြံပြုအပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ  ၄ ရက်