မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် ( ၁၇ /ကာကွယ်/၂၀၁၈)

၁။      ရိုက်တာသတင်းထောက် (၂) ဦးတို့ကို အရေးယူထားသော ဖြစ်စဉ်တွင် ဒုတိယရဲမှူး မိုးရန်နိုင် နှင့်အတူ ဖမ်းဆီးအရေးယူခံရသော  ရဲတပ်ကြပ်ကြီး ခင်မောင်လင်းကို ရဲတရားရုံးဖြင့် စစ်ဆေးနေသည် ဟုသာသိရှိရပြီး မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရှိရကြောင်း အင်တာနက် လူမှု ကွန်ယက် စာမျက်နှာများ တွင် တွေ့ရှိရပါသည်။

၂။      သို့ဖြစ်ပါ၍ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းအား အရေးယူနိုင်ရေးအတွက် ဖမ်းဆီးထိန်းသိမ်း ခံထားရစဉ် ညှဉ်းပန်း နှိပ်စက်မှု မခံရစေရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ရရှိရေး၊ မိသားစုဝင်များ၊ ရှေ့နေနှင့် တွေ့ဆုံခွင့်ရရှိရေးတို့ အပါအဝင် ၎င်းရပိုင်ခွင့်ရှိသော အခြေခံ လူ့အခွင့်အရေးများ ရရှိ ခံစားနိုင်ရေး အတွက် ဆောင်ရွက်ပေးသင့်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

 မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ မေလ  ၄ ရက်