မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် (၁၄ / ကာကွယ် / ၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဦးစိန်သန်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရုံးဝန်ထမ်း ၅ ဦး လိုက်ပါ၍ ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ မအူပင်မြို့ရှိ အကျဉ်းထောင်အား ၂၉-၈-၂၀၁၉ ရက်နေ့တွင် ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ အကြံပြုချက်များ ပေးပို့ခဲ့ပါသည်။

၂။       မအူပင်အကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    ကိုယ်အင်္ဂါမသန်စွမ်းအကျဉ်းသားများအတွက် အပေါ့အလေးသွားလျှင် အဆင်ပြေမှု ရှိစေရန်အတွက် စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

(ခ)     HIV ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိသည့် အကျဉ်းသားသစ်များကို ကျန်းမာရေး ဦးစီး ဌာနနှင့် ညှိနှိုင်း၍ ART ဆေးများ အမြန်ရရှိရေး ဆောင်ရွက်ပေးသင့်ပါသည်။

(ဂ)     အကျဉ်းထောင် ရေသန့်စက်ရှိ Chemical ပစ္စည်းများနှင့် ရေစစ်ကိရိယာများကို ပုံမှန် လဲလှယ်နိုင်ရေးအတွက် တာဝန်ရှိသူများမှ ကြပ်မတ်ဆောင်ရွက်သင့်ပါသည်။

(ဃ)    အပြင်ဘုတ်ထုတ်ရာတွင် အလှည့်ကျ တာဝန်ပေး လုပ်ကိုင်နိုင်ရေး တာဝန်ရှိသူများမှ ဆောင်ရွက်သင့်ပါသည်။

(င)     အကျဉ်းသားများကို ထမင်း၊ ဟင်းကျွေးမွေးရာတွင် ယခုထက် ပိုမိုကောင်းမွန်နိုင်ရေး တာဝန်ခံ အရာရှိမှ ကြပ်မတ်သင့်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ  ၃   ရက်