မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၂ /၂၀၁၉)

၁။      ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ကျောက်တန်းကျေးရွာတွင် မသင်္ကာဖွယ် အမျိုးသား ၂၇၅ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ခေတ္တ ထိန်းသိမ်းစစ်ဆေးနေစဉ် ၂-၅-၂၀၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်ခန့်၌ အဆိုပါ ထိန်းသိမ်းထားသူများအနက် အချို့က ညာသံပေး အော်ဟစ်၍ ဝိုင်းဝန်းအကြမ်းဖက်တိုက်ခိုက်ရန် ကြိုးပမ်း လာကြသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခုခံကာကွယ်ရန်အတွက် ပစ်ခတ်ထိန်းသိမ်း လူစုခွဲခဲ့ရာ အမျိုးသား ၆ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိကာ ၄ ဦး ပျောက်ဆုံး လျက်ရှိကြောင်း သိရှိရပါသည်။

၂။       ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေသများတွင် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှု မဖြစ်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေဖြင့်လည်းကောင်း၊ AA လက်နက်ကိုင် အဖွဲ့အနေဖြင့်လည်းကောင်း နှစ်ဘက်စလုံးက ဂရုပြုကြပါရန် အလေးအနက် တိုက်တွန်း အပ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ မေလ ၃  ရက်