မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ်(၃၂/ကာကွယ်/၂၀၁၈)

၁။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ရုံးမှအဖွဲ့ဝင် ဦးယုလွင်အောင်နှင့်ဒေါက်တာ မြင့်ကြည်တို့ ပါဝင်သည့် ကြည့်ရှု စစ်ဆေးရေးအဖွဲ့သည်၂၀၁၈ခုနှစ်၊ စက်တင်ဘာလ၂၇ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် ခန္တီးအကျဉ်းထောင်နှင့် ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများအား ကော်မရှင်ဥပဒေနှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      ခန္တီးအကျဉ်းထောင်နှင့်ပတ်သက်၍အကြံပြုချက်များမှာ-

(က)    HIV ရောဂါပိုးရှိသူများအနက် ART ​ဆေးမရရှိသေးသူ အကျဉ်းသား/ အကျဉ်းသူ ၃ ဦးကို ဆေးရရှိရေး ဆောင်ရွက် နေကြောင်း သိရပြီး အမြန်ရရှိရေးဖြည့်ဆည်းပေးသင့်၊

(ခ)     ခန္တီးသို့လာရောက်ရသည်မှာခက်ခဲဝေးလံသဖြင့် နယ်ဝေးမှဧည့်တွေ့လာသူများ ညအိပ်တည်းခိုနိုင်ရေး သင့်တင့်သော အဆောက်အဦ တစ်ခု တည်ဆောက်ပေးသင့်၊

(ဂ)     အကျဉ်းထောင် စာကြည့်တိုက်တွင် စိတ်ကိုနူးညံ့သိမ်မွေ့စေမည့် စာအုပ်စာပေများ(ဥပမာ-​ဖေမြင့်၊ ချစ်နိုင် (စိတ်ပညာ)တို့ ရေးသားသော စာအုပ်များ)ကို ဖြည့်ဆည်းပေးသင့်၊

(ဃ)    ဝန်ထမ်းများ၊ အကျဉ်းသားများ သောက်သုံးနေသည့်ချောင်းရေကို သက်ဆိုင်ရာတာဝန်ရှိသူများမှ ကျန်းမာရေးဦးစီးဌာနနှင့် ညှိနှိုင်း၍ အဆိပ်အတောက်များ မပါရှိစေရေး လစဉ် ဆောင်ရွက်သင့်၊

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊၂၀၁၈ခုနှစ်၊အောက်တိုဘာလ ၁၉ ရက်