မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၃၁/ကာကွယ်/၂၀၁၈)

၁။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှအဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ပါဝင် သည့်ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည်၂၀၁၈ခုနှစ်၊စက်တင်ဘာလ၁၂ရက်နေ့မှ ၁၄ ရက်နေ့ထိကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်အချုပ်ထောင်နှင့် ရဲစခန်း၊ တရားရုံးနှင့်ဆေးရုံအချုပ်ခန်းများအား ကော်မရှင်ဥပဒေနှင့်အညီကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၂။      ကျိုင်းတုံအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    TB ​ရောဂါသည်များကိုယခုအခါ သီးခြားအဆောင်တွင်ထားရှိသော်လည်းယခင်ကအခြား အကျဉ်းသားများနှင့် အတူအတူ ထားခဲ့သဖြင့် ကူးစက်ခဲ့ခြင်းရှိမရှိစစ်ဆေးလိုကြောင်းတင်ပြချက်များအရ TB ဆရာဝန်ကြီးများဖိတ်ခေါ်စစ်ဆေးကုသပေးသင့်၊

(ခ)     ART ဆေးမရရှိသေးသည့် HIV ရောဂါသည် အကျဉ်းသား ၃ ဦးနှင့် အကျဉ်းသူ ၁ ဦးကိုအမြန်ရရှိရေး ဆောင်ရွက်ပေးသင့်၊

(ဂ)     အကျဉ်းသူများနှင့်အတူပါရှိလာသောကလေးငယ် ၃ ဦးကိုဖြည့်စွက်အစာများကျွေးမွေးသင့်၊

(ဃ)    အကျဉ်းထောင်စာကြည့်တိုက်တွင် ဗဟုသုတရရှိစေမည့် စာအုပ်စာပေများထပ်မံဖြည့်ဆည်းပေးသင့်။

၃။      တာချီလိတ်ရဲအချုပ်ထောင်ရှိအခန်းအချို့၌ မိလ္လာခန်းများသန့်ရှင်းမှုအားနည်းပြီးရေဝပ်နေသဖြင့်ရေရှည်တွင် ခြင်များခိုအောင်းနိုင်ပြီးဝမ်းရောဂါများဖြစ်ပွားနိုင်သဖြင့် သန့်ရှင်းရေးဆောင်ရွက်သင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊၂၀၁၈ခုနှစ်၊အောက်တိုဘာလ၉ရက်