မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ်စဉ် (၁ /၂၀၁၈)

၁။      ရခိုင်ပြည်နယ်၊ မောင်တောမြိုနယ်၊ ကြိမ်ချောင်းကျေးရွာ အနောက်မြောက်ဘက် တောင်ကုန်းပေါ်မှ ARSA အကြမ်းဖက်သမားများက လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါ လာသည့် မော်တော်ယာဉ်ကို ၅-၁-၂၀၁၈ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် လက်လုပ် မိုင်းဖြင့် ဖောက်ခွဲခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယာဉ်ပေါ် ပါလာသည့် ယာဉ်မောင်း ၁ ဦးနှင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

၂။      အဆိုပါ တိုက်ခိုက်မှုသည် ရခိုင်ပြည်နယ်ဒေသအတွင်း တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကို ထိခိုက်စေသည့်အပြင် ယမန်နှစ် ဩဂုတ်လ အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာ၍ တဖက်နိုင်ငံသို့ တိမ်းရှောင် နေကြသူများ ၎င်းတို့၏ နေထိုင်ခဲ့ရာ နေရာများ သို့ လုံခြုံစွာ ပြန်လည်ဝင်ရောက်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်နေမှုများကိုလည်း များစွာအဟန့်အတား ဖြစ်စေနိုင်ပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ် အတွင်း ဖော်ဆောင်နေသော ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် UEHRD လုပ်ငန်းစဉ်များကို ထိခိုက်စေနိုင်ပါသည်။

၃။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ARSA အကြမ်းဖက်သမား များက ယခုကဲ့သို့ တိုက်ခိုက်ခြင်းကို ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း သတင်းထုတ်ပြန်အပ် ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူအခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်