၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ ကြည့်ရှုစစ်ဆေးခြင်း

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၃-၆-၂၀၂၁ ရက်နေ့တွင် မင်းကုန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား လည်းကောင်း၊ ၁၁-၆-၂၀၂၁ ရက်နေ့တွင် ရွှေမြယာနှင့် လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများအား လည်း ကောင်း၊ ၂၁-၆-၂၀၂၁ ရက်နေ့တွင် တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင် စခန်းအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသားများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော ထောင်ဝင်စာတွေ့ဆုံရာတွင် အခက်အခဲ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု ရှိ မရှိ၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင် စခန်းများအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိနှင့် နေထိုင်စားသောက်မှု အခြေအနေများကို မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသားများနှင့်တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက် များကို မှတ်တမ်းတင်ခဲ့ပါသည်။

၃။       စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကိုလည်းကောင်း၊ လတ်တလော ဖြစ်ပွား လျက်ရှိသော COVID-19 ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက် သွားမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ  ၂၁      ရက်

IMG-19aafc946cc8c8dfaa417a0110bbd602-V IMG-a4aa026c487205815e5d3da2f5da7cf4-V IMG-e7899e0023793e394960376029d4da56-V

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် တာဝန်ရှိသူများကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ တွေ့ဆုံမှု

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါက်တာသန်းမြင့်၊ ဒေါ်နုနုယဉ်နှင့် ဦးကျော်မြင့် တို့သည် ၁၆-၆-၂၀၂၁ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့်တာဝန်ရှိသူ များကို ပြည်ထဲရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင်  တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

၂။       ယင်းသို့ တွေ့ဆုံရာတွင် ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြှင့်တင်ကာကွယ်လုပ်ငန်းများ တွင် ဆောင်ရွက်မှုအခြေအနေ၊ ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းစဉ်များ၊ ပူးပေါင်းဆောင်ရွက် လျက်ရှိသည့်   အခြေအနေများနှင့် အကျဉ်းထောင်များ၊ အကျဉ်းစခန်းများ၊ အချုပ်ခန်းများ ကြည့်ရှု စစ်ဆေးသည့် အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။

       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ     ၁၈   ရက်

မီးသတ်စခန်းမှူးသင်တန်း (အမျိုးသား)၊ အမှတ်စဉ် (၁၉/၂၀၂၁) သို့ သင်ခန်းစာသွားရောက်ပို့ချ (ရန်ကုန်၊ ဇွန်လ ၁၄)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ပညာ ပေးရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်သည် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ မီးသတ်ဦးစီးဌာန၊ လေ့ကျင့်ရေးဌာနစု (ရန်ကုန်) တွင် ဖွင့်လှစ်လျက်ရှိသော မီးသတ်စခန်းမှူး သင် တန်း (အမျိုးသား)၊ အမှတ်စဉ် (၁၉/၂၀၂၁) သို့ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့၊ (၁၄း၀၀) နာရီအချိန်မှ (၁၅း၃၀) နာရီအချိန်အထိ သင်ခန်းစာသွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်းတွင် လူ့အခွင့် အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း စသည့် သင်ခန်းစာများ ရှင်းလင်းပို့ချခဲ့ရာ စုစုပေါင်းသင်တန်းသား ဦးရေ (၅၀) ဦး တက်ရောက်ခဲ့ပါ သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

တောင်ငူအကျဉ်း‌ထောင်၊ (၄) မိုင်ကုန်ထုတ်စခန်းနှင့် ရဲစခန်းအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေး ခြင်း

IMG-a482ce38c47afff1078dbd3981dc9520-V

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦး‌ကျော်မြင့် ဦးဆောင် သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၈-၆-၂၀၂၁ ရက်နေ့နှင့် ၉-၆-၂၀၂၁ ရက်နေ့များတွင် တောင်ငူ အကျဉ်းထောင်၊ (၄) မိုင်ကုန်ထုတ်စခန်းနှင့် တောင်ငူမြို့ပေါ်ရှိ အမှတ် (၁) မြို့မရဲစခန်း၊ အမှတ် (၂၊၃) နယ်မြေရဲစခန်း၊ ကျွန်းကုန်းနယ်မြေရဲစခန်း၊ မြို့သစ်နယ်မြေရဲစခန်းအချုပ်ခန်းများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား၊ အချုပ်သား များကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော ထောင်ဝင်စာတွေ့ဆုံရာတွင် အခက်အခဲရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိ ခြင်း ရှိ မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ အကျဉ်းထောင်၊ ကုန်ထုတ်စခန်းများအတွင်း ညှဉ်းပန်း နှိပ်စက်မှုရှိ မရှိနှင့် နေထိုင်စားသောက်မှု အခြေအနေများကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/အချုပ်သားများနှင့်တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များ ကို မှတ်တမ်း တင်ခဲ့ပါသည်။

၃။       အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်းကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အချုပ် သားများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများကိုလည်းကောင်း၊ ရဲစခန်းအချုပ်ခန်းများကို ကြည့်ရှု စစ်ဆေးစဉ် အချုပ်ခန်းအတွင်း သန့်ရှင်းရေး၊ မိလ္လာများသန့်ရှင်းရေးနှင့် သောက်သုံးရေ သုံးစွဲရမှုအခြေအနေများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်‌ဆေးခဲ့ပါသည်။

၄။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ လိုအပ် သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် အကြံပြုချက်များကို သက်ဆိုင်ရာဌာနသို့ ပေးပို့ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၉ ရက်