၂၀၂၁ ခုနှစ်၊ မေလအတွင်း အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများ ကြည့်ရှုစစ်ဆေးခြင်း

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့များသည် ၁၂-၅-၂၀၂၁ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်နှင့် စစ်တွေမြို့မ ရဲစခန်းအချုပ်ခန်းများအားလည်းကောင်း၊ ၁၉-၅-၂၀၂၁ ရက်နေ့တွင် သံတွဲအ ကျဉ်းထောင်နှင့် သံတွဲ မြို့နယ်မြို့မရဲစခန်း၊ ဂျိတ္တောနယ်မြေရဲစခန်းအချုပ်ခန်းများအား လည်းကောင်း၊ ၂၄-၅-၂၀၂၁ ရက် နေ့တွင် ကျောက်ဖြူအကျဉ်းထောင်နှင့် ကျောက်ဖြူမြို့မ ရဲစခန်းအချုပ်ခန်းများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား၊ အချုပ်သား များကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများ ဖြစ်သော ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင် ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ အကျဉ်းထောင်အတွင်း ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိနှင့် နေထိုင်စားသောက်မှု အခြေအနေများကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။

၃။       အကျဉ်းထောင်၊ ရဲစခန်းအချုပ်ခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား အိပ် ဆောင်၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များ၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်းး စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက် သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ မေလ   ၂၈  ရက်

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်းနှင့် ကော်မရှင်အဖွဲ့ဝင် ဒေါ်နုနုယဉ်တို့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိ သူများအား ၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်နေ့ ၁၂:၀၀ နာရီအချိန်၊ နေပြည်တော် ရုံးအမှတ် (၂၃)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်နှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များလည်း တက်ရောက် ကြပါသည်။ ရှေးဦးစွာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းမှုနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းဆွေးနွေးပါသည်။ ဆက်လက်၍ ကော်မရှင်ဥက္ကဋ္ဌက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သည့် အစဉ်အလာကောင်းများရှိပါကြောင်း၊ ‌ကော်မရှင် ၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၀-၂၀၂၄) ပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ အဓိက လုပ်ငန်းဆောင်တာ ၂ ခု ဖြစ်သည့် လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများသည် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အဓိကတာဝန်ယူ ဆောင် ရွက်လျက်ရှိသောလုပ်ငန်းများမှာ ရည်မှန်းချက်နယ်ပယ်များ တူညီ၍ အကျိုးတူပူးပေါင်း ဆောင်ရွက် နိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရှေ့လုပ်ငန်းစဉ်များဖြစ်သော ကလေးသူငယ် အခွင့်အ‌ရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများ အခွင့်အရေး တို့နှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက် သွားမည် ဖြစ်ကြောင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီး (၁၃း၃၀) နာရီအချိန်တွင် တွေ့ဆုံ ဆွေးနွေးပွဲ ပြီးဆုံးကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး ဦးစီးအရာရှိအရည်အချင်းစစ်ဆေးမည့်ရက်ကြေညာခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးချုပ်တွင် လစ်လပ်လျက်ရှိသော ဦးစီးအရာရှိ ရာထူးလစာနှုန်းကျပ် ၂၇၅၀၀ဝ- ၄၀၀ဝ-၂၉၅၀၀ဝ- ရာထူး (၂) နေရာအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသော အောက်ဖော်ပြပါလျှောက်လွှာရှင် (၄၅) ဦးအား ဖော်ပြပါနေ့ရက်များတွင် စာမေးပွဲဖြေဆို ရန်အကြောင်းကြားသည်-

စဉ် အမည် အဘအမည်
ဒေါ်ဖြူဖြူသော် ဦးကျော်မင်း
ဦးမျိုးလှိုင်မြင့်ထွန်း ဦးစိန်ငြိမ်းထွန်း
ဒေါ်ခိုင်ယဉ်မွန်သန့် ဦးစိန်လင်း
ဒေါ်မေနှင်းသူ ဦးကျော်သူရ
ဒေါ်မွန်မြတ်သူစိုး ဦးသန်းထိုက်စိုး
ဦးမြတ်သူရ ဦးဌေးကြွယ်
ဦးကျော်ရဲအောင် ဦးရွှေဘ
ဒေါ်ဟေမာန်ဝင်းအောင် ဦးဝင်းအောင်
ဒေါ်အိရွှေစင် ဦးမြင့်သန်း
၁၀ ဦးသက်နိုင်ဖြိုး ဦးမောင်မောင်ဝင်း
၁၁ ဒေါ်သက်သက်အောင် ဦးတင့်ကျော်
၁၂ ဦးဇင်ဖြိုးအောင် ဦးကြည်အောင်
၁၃ ဒေါ်မို့မို့အောင် ဦးကျော်ခိုင်
၁၄ ဒေါ်ဇင်မာထွန်း ဦးကျော်ကျော်မင်း
၁၅ ဒေါ်လွင်ယမင်းသန့် ဦးသန့်ဇင်ဦး
၁၆ နန်းခမ်းဝါ ဦးသိန်းချစ်
၁၇ ဦးနေလှိုင်မင်း ဦးခင်ညိမ်း
၁၈ ဒေါ်ဇင်ဇင်မြင့်မော် ဦးမြင့်မောင်
၁၉ ဒေါ်နွယ်နီကျော် ဦးအောင်ညွန့်
၂၀ ဒေါ်ယဉ်မျိုးသူ ဦးတင်ထွန်း
၂၁ ဒေါ်ရွှန်းလဲ့လင်း ဦးထွန်းနိုင်
၂၂ ဦးစိုးမိုးဇော် ဦးခင်မောင်ဇော်
၂၃ ဒေါ်ဆုဝဒ္ဒီထွန်း ဦးခင်မြင့်
၂၄ ဦးကျော်စိုးလင်း ဦးကံညွန့်
၂၅ ဦးစည်သူစိုး ဦးတင်ဦး
၂၆ ဦးသက်နိုင်ထွန်း ဦးတင်ဦး
၂၇ ဒေါ်အေးမြတ်သူ ဦးသန်းဆွေ
၂၈ ဦးဖြိုးစည်သူ ဦးထွန်းရွှေ
၂၉ ဦးလင်းသူမောင် ဦးတင်ဝင်း
၃၀ ဒေါ်ယုယဝေလွင် ဦးမြင့်လွင်
၃၁ ဒေါ်မိုးစံပယ်ဖြူ ဦးနိုင်လင်း
၃၂ ဒေါ်အေးအေးမွန် ဦးမင်းနိုင်
၃၃ ဒေါ်ဒူးရ်ဂါးဒေဝီ(ခ) ဒေါ်ဒူးရ်ဂါး ဦးတံကာဗဟာဒူး
၃၄ ဒေါ်မေလေးငယ် ဦးလှမောင်
၃၅ ဦးပြည့်ဝမောင် ဦးညွန့်မောင်
၃၆ ဒေါ်မွှေးမွှေးသင်း ဦးလင်းကြည်
၃၇ ဒေါ်စောအေး ဦးထွန်းအောင်သိန်း
၃၈ ဒေါ်ဥမ္မာစိုး ဦးသိန်းဆောင်
၃၉ ဦးဇော်ဝင်းမြင့် ဦးသန်းဝင်း
၄၀ ဒေါ်မြဇာနည်အောင် ဦးကျော်အောင်
၄၁ ဒေါ်ပြည့်ဖြိုးစံ ဦးကြည်အောင်
၄၂ ဒေါ်သိန်းသန်းဝင်း ဦးညွန့်အောင်
၄၃ ဒေါ်နှင်းဝတ်ရည် ဦးသန်းမြင့်
၄၄ ဦးဖုထက် ဦးအိုက်လောင်း
၄၅ ဒေါ်ကြည်ဇာစိုး ဦးဇော်သောင်းလွင်

 

  • ၁-၆-၂၀၂၁ ရက် (အင်္ဂါနေ့) (၉:၀၀) နာရီအချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဌာနသို့ သတင်းပို့ရမည်ဖြစ်သည်။
  • ရေးဖြေစာမေးပွဲတွင် လူ့အခွင့်အရေးဘာသာရပ်၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ စသည့် ဘာသာရပ်များကို ၁-၆-၂၀၂၁ ရက် (အင်္ဂါနေ့) (၁၀:၀၀) နာရီတွင် ဖြေဆိုရမည်ဖြစ်သည်။
  • ၁-၆-၂၀၂၁ ရက် (အင်္ဂါနေ့) (၁၃:၀၀) နာရီအချိန်တွင် ကွန်ပျူတာလက်တွေ့စစ်ဆေးမည်ဖြစ် သည်။
  • ၂-၆-၂၀၂၁ ရက် (ဗုဒ္ဓဟူးနေ့) နှင့် ၃-၆-၂၀၂၁ ရက် (ကြာသပတေးနေ့) တို့တွင် လူတွေ့စာမေးပွဲ ဖြေဆိုရမည်ဖြစ်သည်။
  • အသေးစိတ်သိရှိလိုပါက တယ်လီဖုန်းအမှတ် ၀၁- ၆၅၄၆၈၁ မှ ၆၅၄၆၈၄ Ext: ၈၀၁၊ ၈၃၆ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

 

လစာနည်းဝန်ထမ်းများအား အခြေခံစားကုန်ထောက်ပံ့ခြင်း

 

၁။       ၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်နေ့လည် ၁ နာရီ အချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ လစာနည်းဝန်ထမ်းများအား အခြေခံစားကုန်ထောက်ပံ့ ပေးအပ်ခြင်း အခမ်းအနားပြုလုပ်ခဲ့ပါသည်။

၂။       အခမ်းအနားသို့ ကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ခံများနှင့် ကော်မရှင်ရုံးဝန်ထမ်း များတက်ရောက်ကြပါသည်။

၃။       ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကော်မရှင်ရုံးရှိ လစာနည်းဝန်ထမ်း (၇၂) ဦးအတွက် ဌာနအသီးသီးက ကိုယ်စားလှယ် (၆) ဦးအား ဝန်ထမ်းတစ်ဦးလျှင် ကျပ် ၁၈၁၂၅/- ကျပ် တန်ဖိုးရှိ ဆန်၊ ဆီ၊ ကြက်သွန်၊ ပဲ၊ ကြက်ဥ များ စုစုပေါင်းတန်ဖိုး ၁၃၀၅၀၀၀ (တစ်ဆယ့်သုံးသိန်းငါးထောင်) ကျပ်ကို ထောက်ပံ့ပေးခဲ့အပ်ပါသည်။

၄။       ကော်မရှင်ဥက္ကဋ္ဌက ထောက်ပံ့ပေးအပ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၁ ခုနှစ်၊ မေလ ၇ ရက်

 

DSC02237 DSC02244 DSC02245 DSC02250