မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဘဏ္ဍာရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ရုံး ဝန်ထမ်းများ ပြည်ထောင်စုဘဏ္ဍာငွေများ စီမံခန့်ခွဲသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် တာဝန်ယူမှု၊ တာဝန် ခံမှုရှိစေရန်နှင့် ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရန်၊ ဘဏ္ဍာငွေအရင်းအမြစ်များ အလေအလွင့်မရှိစေ ဘဲ ထိရောက်အကျိုးရှိစွာသုံးစွဲနိုင်စေရန် ကော်မရှင်ရုံး၏ ဘဏ္ဍာရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲ အခမ်းအနားကို ၁၂၀၂၀ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ကော်မရှင်ရုံးခန်းမ၌ ကျင်းပ ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က အဖွင့်အမှာစကား ပြောကြားသည်။   အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနတာဝန်ခံများ၊ သင်တန်းသား/ သင်တန်းသူ အရာထမ်း (၂၇) ဦး တက်ရောက်ကြပါ သည်။

          အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို ၁၂၀၂၀ ရက်နေ့မှ ၃၂၀၂၀ ရက်နေ့ထိ နေ့စဉ် နံနက် (၀၉:၃၀) မှ (၁၂:၀၀) နာရီထိ ကျင်းပမည်ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ညွှန်ကြားရေးမှူး (ငြိမ်း) ဒေါ်မြင့်မြင့်က ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဆိုင်ရာစီမံခန့်ခွဲမှု၊ ကြီးကြပ်မှုကိစ္စရပ်များ၊ ဘဏ္ဍာရန်ပုံငွေများသုံးစွဲခြင်း၊ စာရင်းထိန်းသိမ်းခြင်း၊ ဌာနတွင်းစာရင်းစစ်ဆေးခြင်းများနှင့် စပ်လျဉ်း ၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်