အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကထုတ်ဝေသည့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်၊ စာအုပ်စာတမ်းများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ လှူဒါန်းခြင်း

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကထုတ်ဝေသည့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ ရည်ညွှန်းစာစောင်၊ စာအုပ်စာတမ်းများကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သို့ လှူဒါန်းပေးအပ်ပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၁၀ ရက်နေ့၊ နေ့လယ် (၂:၀၀) နာရီအချိန်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင် ရုံးအမှတ် (၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်နှင့် ရုံးဝန်ထမ်းများတက်ရောက်ကြသည်။
၂။ လှူဒါန်းပေးအပ်ပွဲတွင်မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ရည်ညွှန်းစာစောင်စာအုပ်စာတမ်းများ ပေးအပ် ရသည့် ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားပါသည်။
၃။ ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ထုတ်ဝေသည့် စာအုပ်စာတမ်း များကို လွှဲပြောင်းပေးအပ်ပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကထုတ်ဝေသည့် လူ့အခွင့်အရေးဆိုင်ရာစာအုပ်စာတမ်းများကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်ကပြန်လည်ပေးအပ်ပြီး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်၍ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။