ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)တွင် ဖွင့်လှစ်လျက်ရှိသည့် စာရေးဝန်ထမ်းကြီးကြပ်မှု သင်တန်း ၊ အမှတ်စဉ် (၈၆) တွင် လူ့အခွင့်အရေးအကြောင်း ရှင်းလင်းဆွေးနွေးခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်သည် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် ဖွင့်လှစ်လျက်ရှိသည့် စာရေး ဝန်ထမ်း ကြီးကြပ်မှုတန်းမြင့်သင်တန်း ၊ အမှတ်စဉ် (၈၆) တွင် လူ့အခွင့်အရေး အခြေခံအယူအဆ ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်း ခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းတို့ကို ၂၀၂၀ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ၁၃:၀၀ နာရီ မှ ၁၅:၅၅ နာရီအထိ၊ နတ်သျှင်နောင်ခန်းမတွင် သွားရောက်ပို့ချခဲ့ပါသည်။ သင်တန်းသို့ သင်တန်း သားဦးရေ (၆၇) ဦးတက်ရောက်ခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း

လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်သည် လူ့အခွင့်အရေး၏ တန်ဖိုးတစ်ရပ်ဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အုတ်မြစ်တစ်ရပ်လည်း ဖြစ်ပါသည်။ သတင်းအချက်အလက် ရပိုင်ခွင့်သည် အီလက်ထရွန်းနစ် မီဒီယာ ဖွံ့ဖြိုးလာမှုနှင့်အတူ ဒစ်ဂျစ်တယ် အခွင့်အရေးသည်လည်း အရေးကြီးသော အစိတ်အပိုင်းတစ်ရပ် အဖြစ် ပါဝင်လာပြီဖြစ်ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Pen Myanmar အဖွဲ့၊ ပြည်ကြီးခင်အဖွဲ့တို့ ပူးပေါင်း၍ လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကို နေပြည်တော်ရှိ Park Royal Hotel တွင် ၄-၃-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ကိုယ်စား ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့် တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကား ပြောကြားပါသည်။ ဆက်လက်ပြီး Pen Myanmar ဥက္ကဋ္ဌ ဆရာညီပုလေးက နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်း နှင့် ကော်မရှင်ရုံးဝန်ထမ်းများ၊ နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူများ၊ Pen Myanmar နှင့် ပြည်ကြီးခင်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး Article 19၊ သတင်းအချက် အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေကြမ်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ ပြည်သူဆက်ဆံရေးနှင့် သတင်းအချက် အလက်ရပိုင့်ဆိုင်ရာ အကြောင်းတို့ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ Pen Myanmar နှင့် ပြည်ကြီးခင်အဖွဲ့တို့မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အဆိုပါ ဆွေးနွေးမှုများ အပေါ် အပြန်အလှန်မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၅-၃-၂၀၂၀ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။