မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀−၂၀၂၄) မိတ်ဆက်အခမ်းအနားကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်တို့ပူးပေါင်း ၍ “မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ မဟာဗျူဟာစီမံကိန်း (၂၀၂၀−၂၀၂၄) မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် ရန်ကုန်မြို့၊ အင်းလျားလိတ်ဟိုတယ်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဝန်ထမ်းများ၊ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်မှ ဌာနေကိုယ်စားလှယ်နှင့် ဝန်ထမ်းများ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးမှ ဒေသဆိုင်ရာကိုယ်စားလှယ်၊ အာရှပစိဖိတ်အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်မှ ကိုယ်စားလှယ်၊ နိုင်ငံခြားသံရုံးများ၊ ကုလသမဂ္ဂအေဂျင်စီများ မှ ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ၊ UNDP ဌာနေ ကိုယ်စားလှယ် Mr. Peter Batchelor ၊ ဗန်ကောက်မြို့မှ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၊ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Ms. Cynthia Veliko နှင့် အာရှ- ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်မှ ဒုတိယ ညွှန်ကြားရေးမှူး Ms. Dargan Phillippa Erica တို့က မိန့်ခွန်းများ ပြောကြားကြပြီးနောက် တက်ရောက်ကြသူများ၏ မေးခွန်းများကို ဖြေကြား ကြသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဆောင်ရွက်ချက် အမှတ်စဉ်(၁၇/ကာကွယ်/၂၀၁၉)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ဒေါက်တာမြင့်ကြည်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက် များနှင့်အညီ ကျိုင်းတုံအကျဉ်းထောင်၊ တာချီလိတ်ရဲအချုပ်ထောင်နှင့် ရဲစခန်း၊ အချုပ်ခန်းတို့အား ၁၈-၉-၂၀၁၉ ရက်နေ့နှင့် ၁၉-၉-၂၀၁၉ ရက်နေ့များတွင် ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီး ဌာနသို့ အကြံပြုချက်များ ပေးပို့ခဲ့ပါသည်။

၂။       ကျိုင်းတုံအကျဉ်းထောင်နှင့်ပတ်သက်သည့် အကြံပြုချက်များမှာ-

(က)    ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းများကြောင်း သတင်းပို့တင်ပြကြသဖြင့် ခြင်အန္တရာယ် ကင်းရှင်းရေးနှင့် ငှက်ဖျားရောဂါ အသိပညာပေး ဟောပြောပွဲများ ပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်သင့်ပါသည်။

()     အကျဉ်းသား/အချုပ်သားများကို တစ်ဦးချင်း မေးမြန်းခြင်းနှင့် ကျွေးမွေးသည့် အစား အသောက်များကို စစ်ဆေးမှုများအရ စားသောက်ရေးအတွက် တာဝန်ခံအရာရှိမှ ကြီးကြပ်၍ ဦးဆောင်ကျွေးမွေးသည်ဟုသိရှိရသဖြင့် ယခုအခြေအနေကို ဆက်လက် ထိန်းသိမ်းထားသင့်ပါသည်။

()     အကျဉ်းသား အချို့တွင် ဖောရောင်ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းပို့ တင်ပြ ကြသဖြင့် ကာကွယ် ကုသနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

()    လက်ရှိတွင် အကျဉ်းထောင်စာကြည့်တိုက်၌ တာဝန်ခံအရာရှိကိုယ်တိုင် စာအုပ်စာပေ များ ဖြည့်ဆည်းထားသည်ကို တွေ့ရှိရပါသည်။ အခြားအကျဉ်းထောင် စာကြည့်တိုက် အားလုံးတွင် လိုအပ်သည့် စာအုပ်စာပေများ ဖြည့်ဆည်းရန် ဦးစီးဌာန အစီအစဉ်ဖြင့် ဘတ်ဂျက်များ ချထားပေးထားသင့်ပါသည်။

(င)     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ခေါ်ယူ တွေ့ဆုံမေးမြန်းသော အကျဉ်းသားများအပေါ် အငြိုးအတေးထား၍ ဆက်ဆံခြင်း၊ အခြားအကျဉ်းထောင် များသို့ ပြောင်းရွှေ့ခြင်းများအပါအဝင် လက်တုံ့ပြန်မှု မပြုစေရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ အလေးထားဂရုပြု ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်။

          မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်