မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့ နေ့လယ် (၁၃:၃၀) နာရီမှ (၁၆:၀၀) နာရီအထိ ပဲခူးတိုင်းဒေသကြီး လက်ပံတန်းမြို့နယ်၊ မြို့နယ်ခန်းမတွင် ဆွေးနွေးဟောပြော ပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း (၈၇) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံအယူအဆများကိုလည်းကောင်း ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦး ဖြစ်သူ ဦးအောင်ကောင်းမြတ်က ကလေးသူငယ်အခွင့်အရေးများကိုလည်းကောင်း၊ Educator ဒေါ်စန္ဒာထူးက အမျိုးသမီးအခွင့်အရေးများကို လည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။

69829599_2319831921590674_8970940870245220352_n 70501994_2416535198672986_2225799997230678016_n70117690_383526538993731_8225235656037629952_n 70250611_2375467652718225_8751002406835191808_n  70503792_748504092262763_475804749157892096_n