မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ် ဒုတိယလူ့အခွင့်အရေးဦးစီးမှူး လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်မည်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ် ဒုတိယလူ့အခွင့်အရေးဦးစီးမှူး လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲကျင်းပပြုလုပ်မည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးချုပ်၏ ၁၂-၈-၂၀၁၉ ရက်နေ့ထုတ် ကြေးမုံနှင့် မြန်မာ့အလင်းသတင်းစာများတွင် ဖော်ပြပါရှိသည့် ဒုတိယလူ့အခွင့်အရေးဦးစီးမှူး လစ်လပ်ရာထူးနေရာများသို့ လျှောက်ထားသူများအား ၆-၉-၂၀၁၉ ရက် (သောကြာနေ့) နံနက် (၁၀:၀၀) နာရီတွင် ကော်မရှင်ရုံးက သတ်မှတ်ထားသည့် နေရာ၌ အောက်ဖော်ပြပါ ဘာသာရပ် များကို အရည်အချင်းစစ်ဆေးရေး ရေးဖြေစာမေးပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်-

(က)    လူ့အခွင့်အရေးသာသာရပ်     ၂၀ မှတ်

(ခ)     အင်္ဂလိပ်စာ                        ၁၅ မှတ်         စုစုပေါင်း   ၅၀ မှတ်

(ဂ)     အထွေထွေဗဟုသုတ           ၁၅ မှတ်

ရေးဖြေစာမေးပွဲ အောင်မြင်သူများစာရင်းကို ၁၂-၉-၂၀၁၉ (ကြာသပတေးနေ့) တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။

အရည်အချင်းစစ် ရေးဖြေစာမေးပွဲ ဖြေဆိုမည့်သူများသည် ၄-၉-၂၀၁၉ ရက်နေ့နှင့် ၅-၉-၂၀၁၉ ရက်နေ့ ရုံးချိန်အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာ ဌာနတွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားကြိုတင်ထုတ်ယူရပါမည်။ အသေးစိတ်သိရှိလိုပါက မြန်မာ နိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဌာန ဖုန်း ၀၁-၆၅၄၆၇၀၊ ၀၁-၆၅၄၆၈၁၊ ၀၁-၆၅၄၆၈၄ (လိုင်းခွဲ ၈၀၁၊ ၈၃၆) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးချုပ် ဦးစီးအရာရှိ လစ်လပ်ရာထူးနေရာ များအတွက် စိတ်ပညာဆန်းစစ်မှုပြုလုပ်မည်

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးချုပ်တွင် ၉-၈-၂၀၁၉ ရက်နေ့က ဦးစီး အရာရှိရာထူး အရည်အချင်းစစ်ဆေးရေးစာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့သည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် ၇ ဦးအား ၅-၉-၂၀၁၉ ရက် (ကြာသပတေးနေ့) နံနက် (၁၀:၀၀) ၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးချုပ်တွင် စိတ်ပညာဆန်းစစ်မှု ပြုလုပ်မည် ဖြစ်ပါသည်-

စဉ် အမည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်
ဒေါ်သဇင်သက်ဦး ၁၄/ လမန (နိုင်) ၀၇၄၃၄၉
ဒေါ်နှင်းဝေလွင် ၁၂/ လကန (နိုင်) ၂၀၇၄၇၁
ဦးညီညီဇော် ၇/ ကပက (နိုင်) ၀၈၅၅၂၁
ဒေါ်အေးငြိမ်းသူ ၉/ ခမစ (နိုင်) ၀၀၉၇၀၉
ဒေါ်ဇင်မင်းသက်လွင် ၁၂/ သလန (နိုင်) ၁၀၂၀၈၃
ဦးဇော်ရှိုင်းမောင် ၉/ မထလ (နိုင်) ၂၃၇၈၅၅
ဦးဝဏ္ဏအောင် ၁၁/ မဒန (နိုင်) ၁၅၈၄၆၂

 

စိတ်ပညာဆန်းစစ်မှုဖြေဆိုမည့်သူများသည် ၅-၉-၂၀၁၉ ရက်နေ့ နံနက် (၀၉:၃၀) နာရီ အချိန်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ စီမံရေးရာဌာနသို့ လာရောက် သတင်းပို့ရမည်ဖြစ်ပြီး အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ရုံး၊ စီမံရေးရာနှင့် ဘဏ္ဍာရေးဌာန ဖုန်း ၀၁-၆၅၄၆၇၀၊ ၀၁-၆၅၄၆၈၁၊ ၀၁-၆၅၄၆၈၄ (လိုင်းခွဲ ၈၀၁၊ ၈၃၆) တို့ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင် ထန်းတပင်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ဒုတိယညွှန်ကြားရေးမှူး၊ ဦးဇော်လွင်ထူး ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ (၁၂:၃၀) နာရီအချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း (၁၂၄) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက အဖွင့်အမှာစကား ပြော ကြားခဲ့ပြီးနောက် လူ့အခွင့်အရေး အခြေခံအယူအဆများကိုလည်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦး ဖြစ်သူ ဦးသော်ထွန်းနောင်က ကလေးသူငယ် အခွင့်အရေးများကိုလည်းကောင်း၊ Educator ဒေါ်အေးအေးသန့်က အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဒေါ်ဖြိုးသီရိဗိုလ်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေးအသိပညာပြန်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ သီရိဇေယျာနော်ရထာခန်းမတွင် ဆွေးနွေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူ များ စုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကား ပြောကြား ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးမှ လူ့အခွင့်အရေးအခြေခံအယူအဆများကို လည်း ကောင်း၊ ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးအောင်နိုင်က ကလေးသူငယ် အခွင့်အရေးများကိုလည်းကောင်း၊ Educator ဒေါ်မေမြတ်နိုးဦးက အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဒေါ်အိအိငြိမ်းက မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါသည်။

 

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အသိပညာပြန်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာ ပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်၊ အောင်သုခဓမ္မာရုံတွင် ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့် စိတ်ပါဝင်စားသူများ စုစုပေါင်း (၈၉) ဦး တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကားပြောကြားခဲ့ ပြီး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းမှ လူ့အခွင့်အရေး အခြေခံအယူအဆများကိုလည်းကောင်း၊ ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများ သင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဒေါ်မြတ်မျိုးသန်းက ကလေးသူငယ်အခွင့်အရေးများကို လည်းကောင်း၊ Educator ဒေါ်စန္ဒာထူးက အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဒေါ်ခိုင်မို့မို့က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာသူများအား ကမ္ဘာ့လူ့အခွင့်အရေး ကြေညာ စာတမ်းစာအုပ်နှင့် ပိုစတာများ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် လက်ကမ်းစာ စောင်များ ဝေငှပေးခဲ့ပါ သည်။

 

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဒဂုံမြို့နယ်တွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဒဂုံမြို့နယ်၊ ၇၂ ရပ်ကွက် သဟပုညကာရီ ဓမ္မာရုံတွင် ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ဒေသခံရပ်ကွက် ပြည်သူများနှင့်  စိတ်ပါဝင်စား သူများ စုစုပေါင်း  (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကားပြော ကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးမှ လူ့အခွင့်အရေးအခြေခံ အယူအဆများကို လည်းကောင်း၊ ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများသင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဒေါ်မို့မို့မြင့်အောင်က ကလေးသူငယ်အခွင့်အရေးများကို လည်းကောင်း၊ Educator ဦးစိုးမိုးနိုင်က အမျိုးသမီးအခွင့်အရေးများကိုလည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဟန်သီတင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင် ရွက်ချက် အကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက် လာကြသူများမှ သိရှိလိုသည်များကို‌ မေးမြန်းခဲ့ကြရာ မေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှင့် PEN MYANMAR အဖွဲ့၊ ပြည်ကြီးခင် အဖွဲ့တို့ ပူးပေါင်း၍ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

လွတ်လပ်စွာရေးသားထုတ်ဖော် ပြောဆိုခွင့်ဆိုသည်မှာ အခြေခံအကျဆုံး လူ့အခွင့် အရေးတစ်ရပ် ဖြစ်သကဲ့သို့ လွတ်လပ်သော ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခု တည်တံ့ ဖွံ့ဖြိုးရန်အတွက် အခြေခံအုတ်မြစ် ဖြစ်ပါသည်။ ထို့အတူ ဒီမိုကရေစီ အဆင့်တိုင်းတွင် ပူးပေါင်း ပါဝင်လာနိုင်မှုအားကောင်းလာစေရန်၊ သတင်းအချက်အလက်များ ရပိုင်ခွင့် မြှင့်တင်ခြင်း အားဖြင့် အကျင့်ပျက် ခြစားမှုများ လျော့ပါးစေရန်၊ အစိုးရနှင့် ပြည်သူ့ အဖွဲ့အစည်းများပါ တာဝန်ယူမှု၊ တာဝန်ခံမှု အားကောင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် နှင့် PEN MYANMAR အဖွဲ့၊ ပြည်ကြီးခင် အဖွဲ့တို့ ပူးပေါင်း၍ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့် ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ၁၄-၈-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ရှိ Park Royal Hotel, Yadanar Ballroom တွင် ကျင်းပခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေး၊ ဒေါက်တာမြင့်ကြည်၊ ဦးညွန့်တင်နှင့် ကော်မရှင်ရုံးဝန်ထမ်းများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ ဝန်ကြီးဌာနအသီးသီးမှ သတင်းထုတ်ပြန်ရေး တာဝန်ယူ ဆောင်ရွက်လျက်ရှိ သည့် ဌာနဆိုင်ရာ အကြီးအကဲများ၊ PEN MYANMAR အဖွဲ့နှင့် ပြည်ကြီးခင်အဖွဲ့တို့မှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ကိုယ်စား ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေး က နှုတ်ခွန်းဆက်အမှာ စကားပြောကြားခဲ့ပြီး လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ရေးသား ထုတ်ဖော်ပြောဆိုခွင့် အကြောင်းကို ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) သတင်းအချက် အလက်များ ရရှိပိုင်ခွင့် (Rights to Information) တို့နှင့် စပ်လျဉ်းပြီး PEN MYANMAR မှ စာရေးဆရာ ဟန်ဇော်၊ မသီတာ(စမ်းချောင်း) နှင့် ပြည်ကြီးခင် အဖွဲ့မှ ဒေါ်နွယ်ဇင်ဝင်း၊ ဦးသိန်းထိုက်ဦးတို့က ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ပြန်လှန် ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်းပြီး PEN MYANMAR မှ ဦးမျိုးမြင့်ညိမ်းက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသည် ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ပြီး ပထမအကြိမ်ကို ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်တွင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါသည်။

လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းများဆွေးနွေးပို့ချခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသူရကျော်နှင့် ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးတို့သည် ၁၄-၈-၂၀၁၉ ရက်နေ့ ၀၇:၃၀ နာရီမှ ၁၀:၄၀ နာရီ အချိန် အထိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) အမှုစစ် (အရာရှိ) သင်တန်း အမှတ်စဉ် (၆၈/၂၀၁၉) တွင် လူ့အခွင့်အရေး အခြေခံသဘောတရားနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း၊ ကော်မရှင်ဖွဲ့စည်းခြင်းနှင့်ဆောင်ရွက်ချက်များနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများ တို့ ကို ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းသို့ သင်တန်းသား ရဲအရာရှိ ၁၉၉ ဦး တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ သပြုစမ်းကျေးရွာတွင် ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲ ကျင်းပခြင်း

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မြို့ပေါ်နေ ပြည်သူများသာမက ရပ်ကွက်/ကျေးရွာနေ ပြည်သူများအတွင်း၌ လူ့အခွင့်အရေး အသိပညာဗဟုသုတများ သိရှိပြန့်ပွား စေရန် ရည်ရွယ်၍ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် အသိပညာပြန့်ပွားရေး ဆွေးနွေးဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သောအဖွဲ့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၉ ရက်နေ့ (၁၃:၀၀) နာရီ အချိန်တွင်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ သပြုစမ်းကျေးရွာရှိ ဇမ္ဗူအေးကျောင်းတိုက်ဓမ္မာရုံတွင် ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ ဟောပြောပွဲသို့ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်း များ၊ ဒေသခံရပ်ကွက် ပြည်သူများ၊ ကျောင်းသား/သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း  (၁၁၇) ဦး တက်ရောက်ခဲ့ပါသည်။

ဆွေးနွေးဟောပြောပွဲတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဖွင့်အမှာစကားပြော ကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးအခြေခံ အယူအဆများကို လည်းကောင်း၊ ကော်မရှင်၏ လူ့အခွင့်အရေး အသိပညာပေးသူများသင်တန်းမှ သင်တန်းဆင်း Educator တစ်ဦးဖြစ်သူ ဦးမင်းကျော်ဝေက ကလေးသူငယ် အခွင့်အရေးများအကြောင်းကို လည်းကောင်း၊ Educator ဒေါ်ဝင်းဝင်းစိုးနှင့် ဒေါ်ချောစုတို့က အမျိုးသမီးအခွင့်အရေးများအကြောင်း ကို လည်းကောင်း၊ ကော်မရှင်ရုံးမှ Educator ဦးကောင်းခန့်ဇင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်အကြောင်းကို လည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို‌ မေးမြန်းခဲ့ကြရာ မေးခွန်းများကို ပြန်လည် ဖြေကြားခဲ့ပါသည်။