မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့တွင် လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ပြည်သူလူထုအတွင်း လူ့အခွင့် အရေးဆိုင်ရာ အသိပညာများ ပိုမိုပြန့်ပွားစေရန်နှင့် လူ့အခွင့်အရေးကို မှန်ကန်စွာ သိရှိပြီး လေးစားလိုက်နာကျင့်သုံးလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူ့အခွင့်အရေးဆိုင်ရာသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ဆောင်ရွက်လျက်ရှိရာ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင် သောအဖွဲ့သည် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် ၊ ဖယ်ခုံမြို့၌ လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင် ဦးဆောင်သော အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ၂ ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရှမ်းပြည်နယ် ဖယ်ခုံမြို့၊ မြို့နယ်ခန်းမတွင် လူ့အခွင့်အရေး အကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဖယ်ခုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်ဖယ်ခုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင် သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားအရာရှိ/ စစ်သည် များ၊ လူမှုရေး အသင်းအဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့်  စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၅၀) ဦး တက်ရောက်ခဲ့ပါသည်။

      တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌမှ ပြန်လည် ဖြေကြားခဲ့ပါသည်။