ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၊ ဟိုပင်မြို့နှင့် မိုးညှင်းမြို့နယ်များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

      မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာ မြင့်ကြည်နှင့် ဦးခင်မောင်လေး တို့ ပါဝင်သည့် ကော်မရှင်အဖွဲ့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်၌ လည်းကောင်း၊ နေ့လယ်ပိုင်းတွင် ဟိုပင်မြို့၌ လည်းကောင်း၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် မိုးညှင်းမြို့နယ်၌ လည်းကောင်း၊ လူ့အခွင့်ရေး ဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ များကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားများသို့ သက်ဆိုင်ရာ မြို့နယ် အသီးသီးမှ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ ပြည်သူများ တက်ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်ရေး သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲများကို နိုင်ငံ တစ်နံတစ်လျားရှိ မြို့နယ်ပေါင်း ၉၈ မြို့နယ်တွင် ကျင်းပပြီးစီးခဲ့ပြီး ဖြစ်ပါသည်။