၁။ တောကျွဲအင်းမြို့ရှိ ဒေသခံများ၏ ဖိတ်ကြားချက်အရ ပြည်သူလူထုအတွင်း လူ့အခွင့်အရေး ဆိုင်ရာ အသိပညာပြန့်ပွားစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးယုလွင်အောင်သည် ၁၈-၃-၂၀၁၇ ရက်နေ့ နံနက် ၁၀:၀၀နာရီချိန်မှ ၁၁:၂၅ နာရီချိန်ထိ အောင်မြင်မြို့ (တောကျွဲအင်း) ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ဟောပြောပို့ချခဲ့ရာ အောက်ပါ ပြည်သူလူထုများ တက်ရောက်ကြပါသည်-
(က) အောင်မြင်(တောကျွဲအင်း) ၁၀၅ ဦး
(ခ) ဖြူးစုကျေးရွာ ၅၄ ဦး
(ဂ) သပြေကုန်း ၅၃ ဦး
(ဃ) တိုက်ကြီးစု ၂၁ ဦး
(င) ကင်ပွန်းအင်း ၃၅ ဦး
(စ) ကျီးအင်းကျေးရွာ ၂၄ ဦး
(ဆ) ခင်အင်းကြီး ၆၁ ဦး
(ဇ) ပုဂံကွဲကျေးရွာ ၂၄ ဦး
(စျ) ကြို့ကုန်း ၁၀ ဦး
(ည) ဌာနဆိုင်ရာ ၆၀ ဦး
စုစုပေါင်း ၄၄၇ ဦး တက်ရောက်ကြပါသည်။
၂။ အဆိုပါ ဒေသခံများထဲတွင် ပအို့ဝ်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား၊ ရှမ်းတိုင်းရင်းသား များသည် ရိုးရာဝတ်စုံများဝတ်ဆင်၍ တက်ရောက်ကြပါသည်။ နိုင်ငံရေးပါတီအချို့မှ ပါတီဝင်များ နှင့် တိုက်နယ်ဆေးရုံအုပ်ကြီး၊ မြို့နယ်တရားသူကြီးတို့လည်း တက်ရောက်ကြပါသည်။ ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်မှ ကမ္ဘာလူ့အခွင့်အရေး ကြေညာချက်အနှစ်ချုပ်ကို ဖော်ပြထား သည့် ဗလာစာအုပ် ၁၀၀၀ အုပ်အား လူမှုကူညီရေးပရဟိတအသင်း (တောကျွဲအင်း) ခေါင်းဆောင် မှတစ်ဆင့် ကျေးလက်စာသင်ကျောင်းများသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၀ ရက်