ကျေးဇူးတင်လွှာ

စုံစမ်းစစ်ဆေးရေးအဖွဲ့အနေဖြင့် မော်လမြိုင်မြို့သို့(၂)ကြိမ် သွားရောက်စစ်ဆေးခဲ့ရာတွင် လည်းကောင်း၊ လိုအပ်သောစာရွက်စာတမ်းအထောက်အထားများ ရရှိနိုင်ရေးအတွက်လည်းကောင်း အစစအရာရာ ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြသော အောက်ဖော်ပြပါ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊အစိုးရအဖွဲ့ဝန်ကြီးဌာန များနှင့်သက်သေထွက်ဆိုချက်လာရောက်ပေးအပ်ခဲ့ကြသူများကို ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင် ကြောင်းဖော်ပြအပ်ပါသည် –

(က)    ကာကွယ်ရေးဝန်ကြီးဌာန

(၁)     အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊မော်လမြိုင်မြို့၊

(၂)     အမှတ်(၂၂)ခြေမြန်တပ်မဌာနချုပ်နှင့်လက်အောက်ခံတပ်ရင်း(၃)ရင်း၊ ဘားအံမြို့၊

(ခ)     ပြည်ထဲရေးဝန်ကြီးဌာန

(၁)     အကျဉ်းဦးစီးဌာန၊နေပြည်တော်၊

(၂)     ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မွန်ပြည်နယ်၊မော်လမြိုင်မြို့၊

(၃)     ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊မွန်ပြည်နယ်၊မော်လမြိုင်မြို့၊

(၄)     ဓာတုဗေဒဝန်ရုံး၊ရန်ကုန်မြို့၊

(၅)     မှုခင်းတပ်ဖွဲ့၊နေပြည်တော်။

(ဂ)     လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊နေပြည်တော်၊

(ဃ)    ကျန်းမာရေးဝန်ကြီးဌာန၊

(င)     မွန်ပြည်နယ်အစိုးရအဖွဲ့၊မော်လမြိုင်မြို့၊

(စ)     မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန၊

(ဆ)    သက်သေထွက်ဆိုချက်လာရောက်ပေးအပ်သူများအားလုံး။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၄ခုနှစ်၊ ဒီဇင်ဘာလ(၂)ရက်