ကော်မရှင်အဖွဲ့ဝင်များ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ ဖိုရမ်၏(၁၀)ကြိမ် မြောက် နှစ်စဉ် အစည်းအဝေး တက်ရောက်ခြင်း

အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ လက်ရှိ ဥက္ကဌအဖြစ် ဆောင်ရွက် လျက်ရှိသည့် တိမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး နှင့် တရားရေးဆိုင်ရာအဖွဲ့ ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြ ခေါင်းဆောင်သော ကော်မရှင်အဖွဲ့ဝင်များသည် တိမောလက်စ်တေနိုင်ငံ၊ ဒီလီမြို့၌ ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၀ ရက်မှ ၁၁ ရက်အထိ ကျင်းပသော အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေးအဖွဲ့ အစည်းများဖိုရမ်၏(၁၀)ကြိမ်မြောက် နှစ်စဉ် အစည်းအဝေး သို့ တက်ရောက်ခဲ့ကြသည်။

 အစည်းအဝေးတွင် ဖိုရမ်၏ဘာသာရပ်ဆိုင်ရာကိစ္စရပ်များ၊ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး ကိစ္စရပ်များနှင့် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ နိုင်ငံတကာ ညှိနှိုင်းရေး ကော်မတီ (ICC)နှင့် အာရှ-ပစိဖိတ်အမျိုးသား လူ့အခွင့်အရေးအဖွဲ့ အစည်းများဖိုရမ် (APF)တို့နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးကြသည်။