MNHRC မှ မန္တလေး ဗဟိုအကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

–         ကမ္ဘာ့ကုလသမဂ္ဂပြဌာန်းချက်များနှင့် နိုင်ငံတကာစံနှုန်းများအရ နိုင်ငံအသီးသီးရှိ လူ့အခွင့်အရေးဆိုင်ရာကော်မရှင်များသည် အကျဉ်းထောင်နှင့် အကျဉ်းစခန်းများရှိ လူ့အခွင့်အရေး အခြေအနေ များအား ကြည့်ရှုစစ်ဆေးရန်နှင့် အကြံပြုတိုက်တွန်းရန် တာဝန်ရှိပါသည်။

–      MNHRC မှ အတွင်းရေးမှူး ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်နှင့် လူ့အခွင့် အရေးအရာရှိ (၁) ဦးပါ အဖွဲ့သည် မန္တလေး ဗဟိုအကျဉ်းထောင်အား (၃-၄-၂၀၁၃) ရက်နေ့တွင် လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ် ထုံးဘိုရွာအနီး (မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေး) ရှိ အကျဉ်း ဦးစီးဌာန ကျောက်ထုတ်လုပ်ရေးစခန်း(၃) ခုအား (၄-၄-၂၀၁၃) ရက်နေ့တွင် လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

–         အကျဉ်းထောင်နှင့်ကျောက်ထုတ်လုပ်ရေးစခန်းများမှ တာဝန်ရှိသူများက အကျဉ်းသားအရေ အတွက်နှင့်အခြေအနေ၊ နေထိုင်ရေး၊ စားသောက်ရေး အခြေအနေ၊ ကျန်းမာရေးနှင့် သက်မွေး ပညာသင်တန်းပြုလုပ်မှု အခြေအနေ၊ ကျောက်ထုတ်လုပ်မှု အခြေအနေ၊ ရဲဘက်များ လုပ်အားခရရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

–         စစ်ဆေးလေ့လာတွေ့ရှိချက်များအရ အဆောင်နှင့်အကျဉ်းသားအရေအတွက် မျှတမှုရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်နိုင်သမျှဆောင်ရွက်ပေးလျှက်ရှိသည်။ ထမင်းမှာ အဝစားစနစ် ဖြစ်သည်။ သောက်ရေသန့် အလုံအလောက်ရရှိသည်။ အကျဉ်းသားများအပေါ် အကျဉ်းဦးစီး ဝန်ထမ်းများမှ ကောင်းမွန်စွာဆက်ဆံမှုရှိကြောင်း သီးခြားတွေ့ဆုံသော အကျဉ်းသားများ၏ ပြောပြချက်အရ သိရှိရသည်။

–         အကျဉ်းဦးစီးတာဝန်ရှိသူများအားအောက်ပါ အချက်များ အကြံပြုတိုက်တွန်းခဲ့ပါသည်။

–     အမျိုးသမီးဆောင်လေဝင်လေထွက်ကောင်းစေရန်၊

–     ထောင်ဝတ်စုံများယခုထက်ပိုမိုဖြန့်ဝေပေးရန်၊

–      ဘာသာအသီးသီးအလိုက် ဝတ်ပြုဆုတောင်းရန်နေရာများ သတ်သတ်မှတ်မှတ် စီစဉ်ပေးရန်၊

–      အကျဉ်းသူအမျိုးသမီးများနှင့် အတူပါလာသောကလေးငယ်များအတွက် မူကြိုပညာရေး

လေ့လာသင်ယူမှုများဆောင်ရွက်ပေးမှုအား အသိအမှတ်ပြုသည်။

–         ကျောက်ထုတ်လုပ်အားခများအပြည့်အဝရရှိကြောင်း သီးခြားတွေ့ဆုံမေးမြန်းသော ရဲဘက်များ၏ ထွက်ဆိုချက်အရ သိရပါသည်။ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး အစီအစဉ်များ ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

–         အကျဉ်းထောင်အတွင်းစည်းကမ်းများ၊ ဘာသာရေးဆောင်ရွက်ချက်များ၊ အားကစားလှုပ်ရှားမှုများ၊ သင်တန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပြစ်ဒဏ် ပေးမှုများ စသည်တို့သည် အကျင့်စာရိတ္တနှင့် စိတ်ဓါတ်ရေးရာပြုပြင်သည့် အနှစ်သာရဖြစ်သင့်ကြောင်း အကြံပြုခဲ့ပါသည်။