၁။ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်လျက်ရှိသည့် ပြည်သူတစ်ရပ်လုံးသည် တစ်နိုင်ငံလုံး ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆန္ဒပြင်းပြလျက်ရှိကြပါသည်။
၂။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးကလက်မှတ်ရေးထိုးနိုင်ရေးအတွက် ကြိုးပမ်းအားထုတ်လျက်ရှိရာ၊တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၈) ဖွဲ့တို့သည် NCA တွင် ပါဝင်လက်မှတ်ရေးထိုးကြပြီးဖြစ်ပါသည်။လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအနက် မွန်ပြည်သစ်ပါတီနှင့်လားဟူ ဒီမိုကရက်တစ် အစည်းအရုံးတို့သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နေပြည်တော်၌ ပြည်တွင်းပြည်ပကိုယ်စားလှယ်များသက်သေပြု၍ လက်မှတ် ရေးထိုးခဲ့ကြသည်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် ကြိုဆိုထောက်ခံပါသည်။
၃။ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းရေးအတွက်NCA တွင် ပါဝင် လက်မှတ်ရေးထိုးခြင်းမပြုရသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့်လည်းNCA ကို လက်မှတ်ရေးထိုးနိုင်ရေး အတွက်ပြည်သူများ၏ ဆန္ဒနှင့်အညီ ကြိုးပမ်းဆောင်ရွက်ကြပါရန်မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အလေးအနက် တိုက်တွန်းအပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ဖေဖော်ဝါရီလ ၁၃ ရက်