၁။ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသွယ်၊ တိုက်အမှတ်- 25 (C-4) တွင် အသက် ၈ နှစ် အရွယ်ခန့် မိန်းကလေးငယ်အား အင်္ကျီချွတ်ဒူးထောက်၍ ကြိုးတုပ်ကာ နေပူထဲတွင် ရိုက်နှက်နေခြင်းအားကယ်တင်ပေးပါရန် အင်တာနက်သတင်းအရ ကော်မရှင်မှ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးသို့ စိစစ်ဖော်ထုတ်ပေးပါရန် ၁၉-၁၁-၂၀၁၅ ရက်နေ့တွင် အကြောင်းကြားခဲ့ပါသည်။
၂။ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဖြစ်စဉ်အကျဉ်း၊ ရဲတပ်ဖွဲ့မှ ကနဦးစုံစမ်းချက်၊ တရားခံ အိမ်ဖော်ဒေါ်သန်းနွဲ့နှင့် သက်သေ ၆ ဦးအား စစ်ဆေးခြင်း၊ တရားရုံးသို့ ဦးတိုက်လျှောက် ထားခြင်း၊ အရိုက်ခံရသူ မဆုဝေနှင့် မိခင် ဒေါ်သန္တာချိုတို့အား အမျိုးသမီး သက်မွေးအတတ်ပညာ သင်ကျောင်းသို့ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်ပြီးဖြစ်ကြောင်း ၁၁-၁၂-၂၀၁၅ ရက်နေ့တွင် ပြန်ကြား ခဲ့ပါသည်။
၃။ ကော်မရှင်၏ စုံစမ်းချက်အရ ၎င်းအမှုအား ဗဟန်းမြို့နယ် တရားရုံးတွင် ရုံးချိန်းပေါင်း ၁၇ ချိန်းရှိပြီး တရားခံဒေါ်သန်းနွဲ့အား ကလေးသူငယ်ဥပဒေပုဒ်မ ၆၆ (ဃ) အရ တရားစွဲဆိုခဲ့ကြောင်း၊ ၈၈ မျိုးဆက် ရှေ့နေများအဖွဲ့မှ တရားလို၏ အကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်လျက် ရှိကြောင်းသိရှိရပါသည်။
၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်