၂၀၁၆ ခုနှစ် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ

၂၀၁၆ ခုနှစ် ပြည်တွင်းတိုင်တန်းချက်အမျိုးအစားများ

စဉ် အကြောင်းအရာ အရေအတွက်
မြေယာသိမ်းဆည်းမှုနှင့်ဆိုင်သောကိစ္စ ၂၇၄
တရားရေးနှင့်ဆိုင်သောကိစ္စ ၈၀
ဝန်ထမ်းရေးရာနှင့်ဆိုင်သောကိစ္စ ၃၆
ရဲနှင့်ဆိုင်သောကိစ္စ ၄၃
မြို့နယ်/​ကျေးရွာအုပ်ချုပ်ရေးမှူးဆိုင်ရာကိစ္စ ၂၄
ငွေကြေးနှင့်ဆိုင်သောကိစ္စ ၂၅
စည်ပင်နှင့်ဆိုင်သောကိစ္စ ၁၅
အမျိုးသမီး၊ အလုပ်သမားနှင့် သာသနာရေးဆိုင်ရာကိစ္စ ၁၉
အကြမ်းဖက်၊ အကျဉ်းထောင်နှင့် လူကုန်ကူးဆိုင်ရာကိစ္စ ၁၅
၁၀ အခြားကိစ္စ ၈၀
စုစုပေါင်း ၆၁၁

ဝန်ကြီးဌာန ပြန်ကြားစာများအား ဆောင်ရွက်မှုအခြေအနေ

(က)    သက်ဆိုင်ရာဌာနများသို့ ပြန်လည် ညှိနှိုင်းမေးမြန်းခြင်း                         ၄၅     စောင်

(ခ)     တိုင်တန်းသူများသို့ အကြောင်းပြန်ကြားခြင်း                                              ၃၃၅     စောင်

(ဂ)     မှတ်တမ်းထားရှိခြင်း                                                                              ၇၆     စောင်

        စုစုပေါင်း                                                                                               ၄၅၆   စောင်

၂၀၁၆ ခုနှစ်အတွင်း ပြည်ပတိုင်တန်းချက်များအား ဆောင်ရွက်မှု အခြေအနေ

(က)  သက်ဆိုင်ရာဌာနများသို့ အကြောင်းကြားခြင်း                                     ၄၈     စောင်

(ခ)    စုံစမ်းမေးမြန်းခြင်း                                                                         ၈၇၅     စောင်

(ဂ)    မှတ်တမ်းတင်ခြင်း                                                                  ၃၅၁     စောင်

စုစုပေါင်း                                                                                   ၁၂၇၄   စောင်

    တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုများ

(က)   မြေဂရန်လျှောက်ထားမှုကိစ္စတွင် နစ်နာနေကြောင်း တိုင်တန်းခြင်းနှင့်စပ်လျဉ်း၍ တိုင်တန်း သူနှင့် တိုင်တန်းခံရသူတို့အား ၃-၅-၂၀၁၆ ရက်နေ့တွင် ကော်မရှင်သို့ ခေါ်ယူတွေ့ဆုံ ညှိနှိုင်းခဲ့ပြီး အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ မြေဂရန် လျှောက်ထားရာတွင် တိုင်တန်းသူကို ထည့်သွင်း စဉ်းစား ပေးပါရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသို့ မေတ္တာရပ်ခံ အကြောင်းကြား စာပေး ပို့ခဲ့ပါသည်။

(ခ)     တပ်မတော်မှ သိမ်းဆည်းထားသည်ဟု အကြောင်းပြ၍ ၎င်းပိုင်ဆိုင်သော မြေများအား ရယူထားကြောင်း တိုင်တန်းသည့်ကိစ္စနှင့် စပ်လျဉ်း၍ ၃-၆-၂၀၁၆ ရက်နေ့တွင် တိုင်တန်းခံရသူနှင့် ၁၀-၆-၂၀၁၆ ရက်နေ့တွင် တိုင်တန်းသူတို့အား တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသို့ အကြောင်းကြားစာပေးပို့ခဲ့ပါသည်။

 (ဂ)    လုပ်ငန်းများ မပြီးစီးမီ လုပ်ငန်းရပ်ဆိုင်းခံခဲ့ရသည့်အပြင် လုပ်ငန်းအတွက် အသုံးပြုခဲ့သည့် ငွေကြေးများကိုလည်း အပြည့်အဝမပေးချေကြောင်း တိုင်တန်းသည့် ကိစ္စနှင့်စပ်လျဉ်း၍ ၈-၇-၂၀၁၆ ရက်နေ့တွင် တိုင်တန်းသူအား တွေ့ဆုံခဲ့ပြီးစီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ကြရာမှ ပြဿ နာဖြစ်ပွားခြင်းသည် လူ့အခွင့်အရေးနှင့် တိုက်ရိုက်ပတ်သက်ဆက်နွှယ်မှု မရှိကြောင်းနှင့် ရရန်ပေး ရန်ဖြစ်သည့် ငွေကြေးကိစ္စ များအတွက် တရားရေးလမ်းကြောင်းဖြင့်ဖြစ်စေ၊ အချင်းချင်း ပြန်လည် ညှိနှိုင်း၍ ဖြစ်စေ ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့ပါသည်။

(ဃ)    ရန်ကုန်မြို့၊ လမ်း (၄၀)၊ အထက်ဘလောက်၊ အမှတ် (၂၆၈)၊ မြေညီထပ် အင်းဝ အပ်ချုပ် ဆိုင်ပိုင်ရှင်၏ နေအိမ်တွင် အလုပ်လုပ်ကိုင်သော အိမ်အကူ မိန်းကလေး ၂ ဦးမှာ နေ့စဉ်နှိပ်စက် ခံနေရကြောင်း တိုင်တန်းချက်အပေါ် ၁၅-၉-၂၀၁၆ ရက်နေ့တွင် တိုင်တန်းသူနှင့် တိုင်တန်း ခံရသူ နှစ်ဦးနှစ်ဘက်အား ကော်မရှင်ရုံးသို့ခေါ်ယူ၍ တာဝန်ရှိသူများနှင့်အတူ တွေ့ဆုံ ဆွေးနွေးညှိနှိုင်း ပေးခဲ့ပါသည်။

၂၀၁၆ ခုနှစ်အတွင်း တိုင်တန်းချက်များအပေါ် ကွင်းဆင်းစုံစမ်းစစ်ဆေးမှုများ

 (က)   အလုပ်သမားများကို မတရား ညှဉ်းပန်းနှိပ်စက်သည်ဟု တိုင်တန်းသည့်အတွက် ၂၆-၂-၂၀၁၆ ရက်နေ့တွင် ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာ စက်မှုဇုန်ရှိ ရာရှင်းသံမဏိ၊ သံရည်ကျို စက်ရုံသို့ ကွင်းဆင်း စုံစမ်း စစ်ဆေးခဲ့ပြီး အစီရင်ခံစာကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၊ သံမဏိ၊ သံရည်ကျို၊ ခဲ၊ သတ္တုလုပ်ငန်းအလုပ်သမားအဖွဲ့အစည်းနှင့် ရာရှင်းသံမဏိ၊ သံရည်ကျိုစက်ရုံတို့သို့ အောက်ဖော်ပြပါအချက်များ အပါအဝင် အကြံပြုချက်များကို ပေးပို့ခဲ့ပါသည် –

(၁)     အလုပ်ချိန်တစ်နေ့ ၈ နာရီထက်ကျော်လွန်မခိုင်းစေသင့်ကြောင်းနှင့် အချိန်ပို ဆင်းရပါက သတ်မှတ်ထားသော အချိန်ပိုလုပ်ခ ပေးသင့်ပါသည်၊

(၂)     အလုပ်ရှင်က အလုပ်သမားများ၊ အလုပ်သမား အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်သင့်ပါသည်၊

(၃)     အလုပ်သမားများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသင့်ပါသည်၊

(၄)     စက်ရုံအတွင်း ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် သတိပေးမှု ဆောင်ရွက် သင့်ပါသည်။

(ခ)     တာဝန်ရှိသူများက တည်ဆဲဥပဒေ ချိုးဖောက်နေကြောင်း တိုင်တန်းစာနှင့်စပ်လျဉ်း၍ ၂၆-၄-၂၀၁၆ ရက်နေ့တွင်တိုင်တန်းသူ ဦးမြင့်စိုး (ပါ) (၁၁) ဦးအား တွေ့ဆုံဆွေးနွေးညှိနှိုင်းခဲ့ပြီး၊ အဆိုပါအခင်းဖြစ်ပွားရာ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထို မြို့နယ်၊ သိမ်ဇရပ်ကျေးရွာအုပ်စုသို့ ၅-၅-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။ ကွင်းဆင်းစုံစမ်းစစ်ဆေးမှု တွေ့ရှိချက်နှင့် အောက်ဖော်ပြပါ အကြံပြုတိုက်တွန်းချက်များကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့သို့ အောက်ဖော်ပြပါ အချက်များအပါအဝင် အကြံပြု ချက် များကို ပေးပို့ခဲ့ပါသည် –

(၁)     မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်အခင်းဖြစ်ပွားရာ မြေများနှင့်ပတ်သက်၍ မြေကွက် နေရာချထားရေးကော်မတီ ဖွဲ့စည်းခြင်း၊ ရှင်းလင်းပြတ်သားသော မြေကွက်နေရာ ချထားရေး မူဝါဒများချမှတ်ခြင်းနှင့် ပွင့်လင်းမြင်သာစွာ မြေကွက်ချထားပေးခြင်း တို့ကို စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်၊

(၂)     အခင်းဖြစ်ပွားရာ နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်း ရေး ရရှိစေရန်အတွက် ကျိုက်ထိုမြို့နယ် တရားရုံးအနေဖြင့် ဤ ကိစ္စနှင့်ပတ်သက်၍ လက်ခံစစ်ဆေးလျက်ရှိသော အမှုများကို ဦးစားပေး စစ်ဆေးစီရင်သင့်ပါသည်၊

(၃)     ကျိုက်ထိုမြို့နယ် ရဲတပ်ဖွဲ့အနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ရဲစခန်းတွင် ဖွင့်လှစ် ထားသော အမှုများအား ကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ပြီး ဆောလျင်စွာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(ဂ)     အပြစ်မဲ့ရွာသား ၂ ဦး အား တပ်မတော်အရာရှိတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သည့် ကိစ္စ တိုင်တန်းခြင်းအတွက် ၁၂-၅-၂၀၁၆ ရက်နေ့တွင် တိုင်တန်းသူ (လူ့အခွင့်အရေးနှင့် တရားမျှတရေး စွမ်းဆောင်သူများအဖွဲ့မှ ဒါရိုက်တာ) ဦးဂျင်မီအား ကော်မရှင်ရုံးသို့ ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့ပြီး ၁၇-၅-၂၀၁၆ ရက်နေ့မှ ၂၀-၅-၂၀၁၆ ရက်နေ့အထိ ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေး အဖွဲ့ သည် အခင်းဖြစ်ပွားရာ မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့၊ မန်းကျည်းချောင်းဝကျေးရွာသို့ ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။တွေ့ရှိချက်များကိုကာကွယ်ရေးဝန်ကြီးဌာနသို့ပေးပို့အကြောင်း ကြားခဲ့ရာ သေနတ်ဖြင့် မှားယွင်းပစ်ခတ်ခဲ့သူ တပ်မတော်အရာရှိအား အကျဉ်းစစ် တရားရုံးချုပ် ဖြင့် စစ်ဆေးစီရင်ခဲ့ပြီး ရှုတ်ချ၍ အမြဲတမ်း ထုတ်ပစ်စေရန်၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်ကို နယ်ဘက်အကျဉ်းထောင်တွင် ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း ပြန်ကြားလာခဲ့ပါသည်။

(ဃ)    ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာတွင်ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခ နှင့်စပ်လျဉ်း၍ ၂၈-၆-၂၀၁၆ ရက်နေ့တွင် အခင်းဖြစ်ပွားရာ ကျေးရွာသို့ ကော်မရှင် ကွင်းဆင်းစုံစမ်း စစ်ဆေးရေးအဖွဲ့က သွားရောက်စစ်ဆေးခဲ့ပြီး ကော်မရှင်website တွင် သတင်းရေးသား ထုတ်ပြန်ခဲ့ သည့်အပြင်အစီရင်ခံစာအား သမ္မတဦးစီးရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့သို့ အောက်ပါအချက်များပါဝင်သော အကြံပြုတိုက်တွန်းချက်များကို ပေးပို့ခဲ့ပါသည်-

(၁)     အများစု၏ဆန္ဒအတိုင်း လိုက်နာဆောင်ရွက်ကြသကဲ့သို့ အနည်းစု၏ဆန္ဒကို လည်းအလေးထားစဉ်းစားပေးသောဒီမိုကရေစီအလေ့အကျင့်ကောင်းများကို လိုက်နာခြင်း၊ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်း ဟူသော လောကပါလတရားများ ပိုမိုထွန်းကားရန် ပြုစုပျိုးထောင်သင့်ပါသည်၊

(၂)     တစ်ဦးနှင့်တစ်ဦး ချစ်ကြည်ရင်းနှီးမှု၊ ယုံကြည်မှုပျက်ပြားစေပြီး အထင်အမြင် လွဲမှားစေသည့်အမုန်းစကားများကို လူမှုကွန်ယက်အပါအဝင် နည်းမျိုးစုံဖြင့် ပြောဆိုလှုံ့ဆော်နေမှုများအား ရှောင်ကြဉ်သင့်ပါသည်၊

(၃)     ပြစ်မှုကျူးလွန်သူများအားစစ်ဆေးဖော်ထုတ်၍ တရားဥပဒေနှင့်အညီ အရေး ယူ သင့်ပါသည်၊

(၄)     ရပ်ကွက်ကျေးရွာအဆင့်ထိလူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံသွေးစည်းညီညွတ် ရေးအဖွဲ့အစည်းများ ဖွဲ့စည်း၍ စဉ်ဆက်မပြတ် ထိတွေ့ကာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး ဆောင်ရွက်သင့်ပါသည်။

(င)     ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကြာကန်ကွင်းပေါက်အမှတ် (၄/၅/၆) ပေါ်တွင် ဖြစ်ပွားခဲ့သော မြေယာအငြင်းပွားမှုနှင့်စပ်လျဉ်း၍ ၁၃-၁၂-၂၀၁၆ ရက်နေ့မှ ၁၆-၁၂-၂၀၁၆ ရက်နေ့ထိ ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေး အဖွဲ့သည်အဆိုပါ အခင်းဖြစ်ပွား ရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အောက်ပါအကြံပြုချက်များကို သမ္မတဦးစီးရုံးသို့ ပေးပို့တင်ပြခဲ့သည့်အပြင်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့သို့ ပေးပို့ခဲ့ပါသည်-

(၁)     သစ်တောဧရိယာမှ (၄၂၉၉.၆၉) ဧကအား သစ်တောကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်နိုင် ရေး အမြန်ဆောင်ရွက်ရန်၊

(၂)     ဒီရေတောအဖြစ် အောင်မြင်မှု မရရှိခဲ့သော ရွှေကျွန်းသာ သစ်တောကြိုးဝိုင်းအား သစ်တောမြေအဖြစ်မှ စွန့်လွှတ်ရန်၊

(၃)     ထိုကဲ့သို့ သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပြီးပါက ဒေသတွင်းရှိ လယ်သမားများသို့ မျှတစွာ မြေယာခွဲဝေပေးရန်၊

(၄)     ရွှေကျွန်းသာကျွန်းပေါ်တွင်ဥပဒေမဲ့လုပ်ရပ်များထပ်မံဖြစ်ပွားခြင်းမရှိစေရေးအတွက် လုံခြုံရေးကို အပြည့်အဝ တာဝန်ယူ ဆောင်ရွက်ပေးရန်၊

(၅)     လက်ရှိ ကျူးကျော်လယ်သမားများက စပါးပင်များ ဖြစ်ထွန်းသည်အထိ စိုက်ပျိုးနေ ခြင်းကို တားမြစ်နိုင်ခြင်းမရှိသည့် သို့မဟုတ် အားပေးအားမြှောက်ပြုသည့် သို့မဟုတ် တာဝန်ပျက်ကွက်သည့် ဝန်ထမ်းများအား ဖော်ထုတ်၍ ထိရောက်စွာ အရေးယူရန်၊

(၆)     တားမြစ်ထားသည့်ကြားမှလိုက်နာမှုမရှိဘဲစပါးစိုက်ပျိုးခဲ့သောကျူးကျော် လယ်သမား များအား ဥပဒေအရ အရေးယူခြင်းပြုလုပ်နေသည့် တစ်ချိန်တည်းမှာပင် ၎င်းတို့ စိုက်ပျိုးထားသည့် စပါးခင်းများအား ၎င်းတို့ကို ရိတ်သိမ်းခွင့်ပြုပေးရန်၊

(၇)     လက်ရှိရိတ်သိမ်းပြီးစပါးများကို မူလစိုက်ပျိုးထားသည့် လယ်သမားများသို့ မှန်ကန် စွာ ပြန်လည်ခွဲဝေပေးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ရန်၊

(စ)     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကုန်းတန်းကြီးအုပ်စု၊ ဖျောက်ဆိပ်ပင် ကျေးရွာ နေ မောင်မိုးဝင်းအပေါ် လမ်းအလုပ်သမားခေါင်းဆောင်မှ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် စပ်လျဉ်း ၍ပြည်သူ့လွှတ်တော်ရုံး၏ တာဝန်ပေးချက်အရ ၂၅-၁၂-၂၀၁၆ ရက်နေ့မှ ၃၀-၁၂-၂၀၁၆ ရက်နေ့ထိ ကော်မရှင် ကွင်းဆင်းစုံစမ်းစစ်ဆေးရေး အဖွဲ့သည်အဆိုပါအခင်းဖြစ်ပွားရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ပြီး တွေ့ရှိချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို သမ္မတဦးစီးရုံးနှင့် ပြည်သူ့လွှတ်တော်ရုံးတို့သို့ ပေးပို့ခဲ့ပါသည်။

အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲအချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ ကြည့်ရှု စစ်ဆေးခြင်း

 (က)   စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ အကျဉ်းထောင်နှင့် ရဲအချုပ်ခန်းတို့အား ၁၇-၂-၂၀၁၆ ရက်နေ့မှ ၁၉-၂-၂၀၁၆ ရက်နေ့အထိ ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့က ကြည့်ရှုစစ်ဆေး၍ အကြံပြုချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး အများပြည်သူ သိရှိစေရန် သတင်း ထုတ်ပြန်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် (၂/၂၀၁၆)

(ခ)     ကယားပြည်နယ်၊လွိုင်ကော်မြို့ရှိ အကျဉ်းထောင်၊ တရားရုံးအချုပ်ခန်း၊ ရဲအချုပ်ခန်းနှင့် ဆေးရုံအချုပ်ခန်းတို့အား ၉-၃-၂၀၁၆ ရက်နေ့မှ ၁၁-၃-၂၀၁၆ ရက်နေ့အထိ ကော်မရှင် ကြည့်ရှု စစ်ဆေးရေးအဖွဲ့ကသွားရောက်စစ်ဆေး၍ အကြံပြုချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ ပြီး အများပြည်သူ သိရှိစေရန် သတင်းထုတ်ပြန်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် (၃/၂၀၁၆)

(ဂ)     ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားအကျဉ်းထောင်၊ ရဲအချုပ်ခန်း၊ ဆေးရုံ အချုပ် ခန်း၊ တရားရုံးအချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်​ရှောက်ရေးစခန်းတို့အား ၂၉-၃-၂၀၁၆ ရက်နေ့မှ ၃၁-၃-၂၀၁၆ရက်နေ့အထိ ကော်မရှင်ကြည့်ရှုစစ်ဆေးရေး အဖွဲ့က ကြည့်ရှုစစ်ဆေး၍ အကြံပြုချက် များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ပေးပို့ခဲ့ပြီး အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် (၅/၂၀၁၆)

(ဃ)    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်အတွင်းရှိ အကျဉ်းထောင်၊အကျဉ်းစခန်း၊ရဲအချုပ်ခန်း၊ဆေးရုံအချုပ်ခန်း၊တရားရုံးအချုပ် ခန်းနှင့် ထိန်းသိမ်း စောင့်ရှောက်ရေး စခန်းတို့အား ကော်မရှင် ကြည့်ရှုစစ်ဆေးရေး အဖွဲ့သည် ၂၃-၅-၂၀၁၆ ရက်နေ့မှ ၂၇-၅-၂၀၁၆ ရက်နေ့အထိ သွားရောက်စစ်ဆေး ၍ အကြံပြုချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီးအများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် (၈/၂၀၁၆)

(င)     ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တောင်ငူအကျဉ်းထောင်၊ကျောက်ထုတ်လုပ်ရေးစခန်း၊ ရဲအချုပ် ခန်း၊ဆေးရုံအချုပ်ခန်း၊တရားရုံးအချုပ်ခန်းနှင့်ထိန်းသိမ်းစောင့်ရှောက်ရေး စခန်းတို့အား ကော်မ ရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀-၆-၂၀၁၆ ရက်နေ့မှ ၂၃-၆-၂၀၁၆ ရက်နေ့အထိ သွားရောက် စစ်ဆေးခဲ့ပါသည်။ စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုတိုက်တွန်းချက်များကို ပြည်ထဲရေးဝန်ကြီး ဌာနနှင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့သို့ ပေးပို့ခဲ့ပြီး အများပြည်သူ သိရှိစေရန် သတင်းထုတ်ပြန်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် (၉/၂၀၁၆)

(စ)     ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ကသာ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ကြည်၏ တိုက်တွန်းချက်အရ ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ရှိ ကသာအကျဉ်းထောင်အား ၁၅-၈-၂၀၁၆ ရက်နေ့မှ ၁၆-၈-၂၀၁၆ ရက် နေ့အထိ သွားရောက်စစ်ဆေး၍ အကြံပြုချက်များကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့သည့်အပြင် နိုင်ငံတော်သမ္မတဦးစီးရုံး၊ ပြည်သူ့လွှတ်တော်ရုံးနှင့် အမျိုးသား လွှတ်တော်ရုံးများသို့ အသိပေး အကြောင်းကြားခဲ့ပါသည်။ အများပြည်သူ သိရှိစေရန် သတင်းထုတ်ပြန်ခဲ့ပါသည်။ ၁၉.၈.၂၀၁၆သတင်းထုတ်ပြန်ချက်

(ဆ)    စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ အကျဉ်းထောင်အား ကော်မရှင်ကြည့်ရှု စစ်ဆေးရေး အဖွဲ့သည် ၁၈-၈-၂၀၁၆ ရက်နေ့တွင် သွားရောက်စစ်ဆေးခဲ့၍ အကြံပြုချက်များကို ပြည်ထဲရေး ဝန်ကြီးဌာနသို့ပေးပို့ခဲ့ပြီးအများပြည်သူသိရှိစေရန်သတင်းထုတ်ပြန်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် (၁၂/၂၀၁၆)

 (ဇ )   ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် အတွင်းရှိ အိုင်ကလောင် စိုက်ပျိုးမွေးမြူရေး စခန်းအား ၁၄-၉-၂၀၁၆ ရက်နေ့တွင် လည်းကောင်း ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီ၊ထောက်ကြန့်၊မင်္ဂလာဒုံမြို့များရှိရဲအချုပ်ခန်းနှင့် တရားရုံး အချုပ် ခန်း များအား ၁၆-၉-၂၀၁၆ ရက်နေ့တွင်လည်းကောင်း သွားရောက်စစ်ဆေး၍ အကြံပြုချက်များကို အများပြည်သူသိရှိစေရန် သတင်းထုတ်ပြန်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် (၁၃/၂၀၁၆)

(ဈ)     ကော်မရှင် ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ တိုင်တန်းချက်အရ ၁၃-၁၀-၂၀၁၆ ရက်နေ့မှ ၁၅-၁၀-၂၀၁၆ ရက်နေ့အထိ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ မြင်းခြံအကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေး၍ အကြံပြုချက်များအား ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပြီး အများပြည်သူ သိရှိစေရန် သတင်း ထုတ်ပြန်ခဲ့ပါသည်။ သတင်းထုတ်ပြန်ချက် (၁၄/၂၀၁၆)

လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများ၊ ပရဟိတကျောင်းများနှင့် ဂေဟာများသို့ သွားရောက်စစ်ဆေးခြင်း

 (က)   ၄-၅-၂၀၁၆ ရက်နေ့တွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် တစ်ဦးနှင့် ရုံးဝန်ထမ်း များသည် မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်း လူငယ်သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

(ခ)     ၆-၅-၂၀၁၆ ရက်နေ့တွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် တစ်ဦးနှင့် ရုံးဝန်ထမ်း များသည် မရမ်းကုန်းမြို့နယ်၊ မလိခအမျိုးသမီးကလေးများ သင်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

(ဂ)     ၁၀-၅-၂၀၁၆ရက်နေ့တွင်ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် တစ်ဦးနှင့် ရုံးဝန်ထမ်း များသည် သန်လျင်မြို့နယ်ရှိ မေတ္တာရောင်ခြည်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ (သန်လျင်)  သို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

(ဃ)    ၁၂-၅-၂၀၁၆ရက်နေ့တွင်ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် တစ်ဦးနှင့် ရုံးဝန်ထမ်း များသည် မှော်ဘီမြို့နယ်ရှိ မြန်မာပြည်ချစ်ခြင်း မေတ္တာလူငယ် ဖွံ့ဖြိုးရေးပရဟိတ ဂေဟာသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါ သည်။

(င)     ၂၃-၅-၂၀၁၆ ရက်နေ့တွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ရုံးဝန်ထမ်းများသည် ကန်တော်လေး သီလရှင်ကလေးများ ဘိုးဘွားရိပ်သာသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

(စ)     ၂၄-၅-၂၀၁၆ ရက်နေ့တွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ရုံးဝန်ထမ်းများသည် ဗဟန်းမြို့နယ်၊ နှင်းဆီကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

(ဆ)    ၂၄-၅-၂၀၁၆ ရက်နေ့တွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ရုံးဝန်ထမ်းများသည် လူမှုဝန်ထမ်း ဦးစီးဌာန၏ သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာသို့ သွားရောက် ကြည့်ရှုစစ်ဆေး ခဲ့ကြပါသည်။

(ဇ)     ၁၃-၆-၂၀၁၆ ရက်နေ့တွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ရုံးဝန်ထမ်းများသည် ကြည့်မြင်တိုင် မျက်မမြင်ကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

(ဈ)     ၁၄-၆-၂၀၁၆ ရက်နေ့တွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ရုံးဝန်ထမ်းများသည် Mary Chapman School for Deaf သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။

(ည)    ၁၅-၆-၂၀၁၆ ရက်နေ့တွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ရုံးဝန်ထမ်းများသည် Aden Center for Disable Children သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြ ပါသည်။

(ဋ)     ၅-၇-၂၀၁၆ ရက်နေ့တွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ရုံးဝန်ထမ်းများသည် နားမကြားသော ကလေးများကျောင်း (မန္တလေး) သို့ သွားရောက်၍ ကျောင်းဆရာ/ ဆရာမများ၊ နားမကြား ကျောင်းသား၊ ကျောင်းသူများ၊ နားမကြားအသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါ သည်။

(ဌ)     ၆-၁၂-၂၀၁၆ ရက်နေ့တွင် Mary Chapman School for Deaf သို့ ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ရုံးအဖွဲ့တို့သွားရောက်၍ လက်သင်္ကေတဖြင့် သတင်းထုတ်လွှင့်မှုအပေါ် လေ့လာ ဆန်းစစ်မှု ပြုလုပ်ခဲ့ပါသည်။