ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်အတွင်းရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲအချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများအား ကြည့်ရှုစစ်ဆေးခြင်းနှင့်ပတ်သက်သော သတင်းထုတ်ပြန်ချက် (၈/၂၀၁၆)

၁။      ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ညောင်ရွှေမြို့နယ်နှင့် ရပ်စောက်မြို့နယ်အတွင်းရှိ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ ရဲအချုပ်ခန်း၊ ဆေးရုံအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတို့အား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဒေါ် မြမြတို့သည် ကော်မရှင် ရုံးဝန်ထမ်း များ လိုက်ပါလျက် ၂၃-၅-၂၀၁၆ နေ့မှ ၂၇-၅-၂၀၁၆ နေ့အထိ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ညောင်ရွှေအကျဉ်းထောင်တွင် အကျဉ်းသား ၃၈ ဦး၊ အကျဉ်းသူ ၁၄ ဦး၊ အချုပ်သား ၂ ဦး၊ ရပ်စောက်မြို့နယ်၊ ဘန်းကန် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ် သင် စခန်းတွင် အကျဉ်းသား ၁၃ ဦး၊ ထီးခမ်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင် စခန်းတွင် အကျဉ်းသား ၁၆ ဦး၊ တောင်ကြီးမြို့နယ်၊ တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းတွင် အကျဉ်းသား ၁၉ ဦး၊ စုစုပေါင်း အကျဉ်းသား၊ အကျဉ်း သူ ၁၀၂ ဦးအား တစ်ဦးချင်း တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များ

၂။      အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိရပါသည်-

(က)   တောင်ကြီးမြို့မရဲစခန်းအချုပ်

(၁)     အချုပ်ခန်းအတွင်း လေကောင်း/လေသန့် မရရှိကြောင်း၊

(၂)     အချုပ်ခန်းအတွင်း အမှိုက်ပုံး မရှိကြောင်း၊

(၃)     အချုပ်ကြန့်ကြာကာလ ၁ နှစ်အထက် ၄ ဦး၊ ၆ လအထက် ၃၇ ဦးရှိ ကြောင်း၊

(၄)     မြို့မရဲစခန်းရှိ ကျားအချုပ်ခန်းအမှတ်(၁) နှင့် အမှတ်(၅) တို့တွင် အချုပ် သားဦးရေ ၂၅ ဦး၊ ကျားအချုပ်ခန်းအမှတ်(၂) တွင် အချုပ်သားဦးရေ ၂၀ ဦး၊ မအချုပ်ခန်းအမှတ်(၄) တွင် အချုပ်သူဦးရေ ၁၅ ဦး၊ စုစုပေါင်း အချုပ်သား ၇၀ ဦး၊ အချုပ်သူ ၁၅ ဦးသာ ဝင်ဆံ့သော်လည်း လက်ရှိ အချုပ်သားဦးရေ ၁၁၃ ဦး၊ အချုပ်သူဦးရေ ၁၃ ဦးရှိသဖြင့် ဝင်ဆံ့မှုထက် အချုပ်သား ၄၃ ဦး ပိုမိုချုပ်နှောင်ထားရကြောင်း။

( ခ)   တောင်ကြီးမြို့နယ်၊ နယ်မြေရဲတပ်ဖွဲ့စခန်းအချုပ်ခန်း

(၁)     အချုပ်ခန်းအတွင်း အမှိုက်ပုံး မရှိကြောင်း၊

(၂)     အချုပ်ခန်းအတွင်းရှိ အိမ်သာများတွင် သန့်ရှင်းမှု အားနည်းကြောင်း၊

(၃)     အချုပ်ကြန့်ကြာကာလ ၁ နှစ်အထက် အချုပ်သား ၆ ဦး၊ ၆ လအထက် အချုပ်သား ၅၇ ဦး၊ အချုပ်သူ ၁၁ ဦး၊ စုစုပေါင်း ၆၈ ဦးရှိကြောင်း၊

(၄)     အချုပ်ခန်း ၁၀ ခန်းရှိပြီး တစ်ခန်းလျှင် ၂၀ ဦး ချုပ်နှောင်နိုင်သဖြင့် စုစု ပေါင်း ၂၀၀ ဦးသာ ဝင်ဆံ့သော်လည်း လက်ရှိအချုပ်သားဦးရေ ၂၃၉ ဦး၊ အချုပ်သူ ၂၉ ဦး၊ စုစုပေါင်း ၂၆၈ ဦး ချုပ်နှောင်ထားသဖြင့် ဝင်ဆံ့မှုထက် ၆၈ ဦး ပိုမိုချုပ်နှောင်ထားရကြောင်း။

( ဂ)   တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲတပ်ဖွဲ့စခန်းအချုပ်ခန်း

(၁)     အချုပ်ခန်းအတွင်း အိမ်သာများ သန့်ရှင်းမှု အားနည်းကြောင်း၊

(၂)     အချုပ်ခန်းအတွင်း အမှိုက်ပုံး မရှိကြောင်း၊

(၃)     အချုပ်ခန်းများအတွင်း လေကောင်းလေသန့်ရရှိမှု အားနည်းကြောင်း။

(ဃ)   စဝ်စံထွန်းဆေးရုံ အချုပ်ဆောင် (Guard Ward)

(၁)     အချုပ်ဆောင်တွင် ကျား/မ ခွဲခြားထားမှုမရှိဘဲ တစ်ခန်းတည်းရှိကြောင်း၊

(၂)     ရေချိုးခန်းနှင့် အိမ်သာတွင် အမျိုးသား/အမျိုးသမီး ခွဲခြားထားမှု မရှိ ကြောင်း။

( င)   တောင်ကြီးခရိုင်တရားရုံးအချုပ်ခန်း

(၁)     အချုပ်ခန်းအတွင်း အမှိုက်ပုံး မရှိကြောင်း၊

(၂)     အချုပ်ခန်းအတွင်းရှိ အိမ်သာများ သန့်ရှင်းမှု မကောင်းကြောင်း၊

(၃)     အချုပ်ခန်းတွင် သမံတလင်း ခင်းထားပြီး သစ်သားကွပ်ပျစ်မရှိကြောင်း။

( စ)   ဘန်းကန် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း

(၁)     အိပ်ဆောင်အမှတ် (၂) တွင် ကြမ်းခင်းဖယောင်းပုဆိုးများ စုတ်ပြဲနေ ကြောင်း၊

(၂)     အိပ်ဆောင်အမှတ်(၄)တွင် ဖယောင်းပုဆိုး ခင်းထားခြင်း မရှိကြောင်း၊

(၃)     စာကြည့်တိုက်တွင် တိုင်းရင်းသားဘာသာဖြင့် ရေးသားထားသော စာအုပ်၊ စာပေများ နည်းပါးကြောင်း၊

(၄)     တိုင်းရင်းသား ဘာသာစကား ကျွမ်းကျင်သောဝန်ထမ်းများ နည်းပါး ကြောင်း၊

(၅)      သုံးရေအား အကန့်အသတ်ဖြင့်သာ အသုံးပြုရကြောင်း၊

(၆)      ကျန်းမာရေးဝန်ထမ်း မရှိကြောင်း၊

(၇)       အကျဉ်းသားအိပ်ဆောင်များတွင် ဝင်ဆံ့မှုထက် ကျော်လွန်နေကြောင်း၊

(၈)      အများပြည်သူ ရုံးပိတ်ရက်များတွင် အပြည့်အဝ အနားမပေးကြောင်း၊

(၉)      ရိုက်နှက်၍ ပြစ်ဒဏ်ပေးခြင်းများရှိကြောင်း။

(ဆ)     ထီးခမ်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း

(၁)       အကျဉ်းသားအိပ်ဆောင် ကွပ်ပျစ်များတွင် ကြမ်းပိုးများရှိကြောင်း၊

(၂)       သုံးရေအား အကန့်အသတ်ဖြင့်သာ သုံးစွဲရကြောင်း၊

(၃)       ထမင်းစားဆောင်အမိုးသည် စုတ်ပြဲနေကြောင်း၊

(၄)       စာကြည့်တိုက်တွင် တိုင်းရင်းသားဘာသာဖြင့် ရေးသားထားသော စာ အုပ်များ နည်းပါးကြောင်း၊

(၅)    တိုင်းရင်းသားဘာသာစကား ကျွမ်းကျင်သောဝန်ထမ်းများ နည်းပါး ကြောင်း။

( ဇ)    ညောင်ရွှေအကျဉ်းထောင်

(၁)     “က”အဆင့် အကျဉ်းထောင်ဖြစ်ပြီး တစ်ဦးလျင် ၁၈ စတုရန်းပေ နှုန်းဖြင့် ထားရှိနိုင်သည့်ဦးရေ ၁၀၉၆ ဦးဖြစ်ကြောင်း၊ လက်ရှိဦးရေ ၁၈၃၉ ဦးဖြစ် သဖြင့် ဝင်ဆံ့မှုထက် ကျော်လွန်နေပြီး နေရာထိုင်ခင်း၊ ရေချိုးခြင်းနှင့် အိမ်သာသုံးခြင်းများတွင် ကြပ်တည်းနေကြောင်း၊

(၂)     သာမန်လျှော့ရက်၊ ခန့်မှန်းလွတ်ရက်များနှင့်ပတ်သက်၍ အကျဉ်းသား အချို့မှ သိရှိခြင်းမရှိကြောင်း၊

(၃)     နိုင်ငံခြားသားအကျဉ်းသားများ၏မိသားစုဝင်များ ဧည့်တွေ့လာရောက် ရန် အခက်အခဲရှိကြောင်း၊

(၄)     စာကြည့်တိုက်တွင် တိုင်းရင်းသားဘာသာစကားဖြင့် ရေးသားထားသော စာအုပ်များ မရှိကြောင်း၊

(၅)    လူဦးရေကြပ်တည်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကူးစက်ရောဂါများ အား ကြိုတင်ကာကွယ်မည့်အစီအမံများ မရှိကြောင်း၊

(၆)    အကျဉ်းသူများအတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းများ ထုတ်ပေးမှု မရှိကြောင်း။

( ဈ)   တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း

(၁)     ကျန်းမာရေးဝန်ထမ်းများ မရှိကြောင်း၊

(၂)     စားဖိုကြီးတွင် ယင်ကောင်များ များပြားကြောင်း၊

(၃)     သာမန်လျှော့ရက်၊ ခန့်မှန်းလွတ်ရက်များအား အကျဉ်းသားအချို့မှ မသိ ရှိကြောင်း၊

(၄)     စာကြည့်တိုက်တွင် သတင်းစာ မရှိကြောင်း၊

(၅)    အကျဉ်းသားတစ်ဦးကို ခြေချင်းခတ်ထားသည်မှာ ၈ လကျော် ကြာမြင့် နေပြီဖြစ်ကြောင်း။

(ည)   တောင်ကြီးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ထိန်းသိမ်းစောင့်ရှောက် ရေးစခန်း ၈ ခု (အမျိုးသမီးဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ရှမ်းရိုးမဘိုးဘွားရိပ် သာ၊ ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ သူငယ်တော် ယေဇူးလူငယ်ဖွံ့ဖြိုး ရေး ပရဟိတဂေဟာ၊ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဒေါ်ကြီး၊ ဒေါ်ငယ် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ဟမ်းဆီး လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေ ဟာနှင့် အေးသာယာလူငယ် ဖွံ့ဖြိုးရေးပရဟိတဂေဟာ)

(၁)     လူမှုဝန်ထမ်းဦးစီးဌာနမှ လူတစ်ဦးလျှင် နေ့စဉ်ကျွေးမွေးစရိတ် ၄၀၀ ကျပ် ထောက်ပံ့ပေးကြောင်း၊

(၂)     သင်ကြားမှုအထောက်အကူပစ္စည်းများ နည်းပါးကြောင်း၊

(၃)     ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဒေါ်ကြီး၊ ဒေါ်ငယ် လူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာနှင့် အေးသာယာလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာတို့ တွင် လက်ခံနိုင်သောဝင်ဆံ့မှုထက် လူဦးရေကျော်လွန်နေကြောင်း။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏အကြံပြုတိုက်တွန်းချက်များ

၃။      အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   တောင်ကြီးမြို့မရဲစခန်းအချုပ်

(၁)     အချုပ်ခန်းအတွင်း လေဝင်/လေထွက် ကောင်းမွန်အောင် ပြုပြင်သင့်ပါ သည်။

(၂)     အချုပ်ခန်းအတွင်း အမှိုက်ပုံး ထားရှိသင့်ပါသည်။

(၃)     အချုပ်ကာလ ကြန့်ကြာနေသူများ လျော့နည်းကျဆင်းရေး ဆောင်ရွက် သင့်ပါသည်။

(၄)     ဝင်ဆံ့မှုထက် ကျော်လွန်နေသဖြင့် အာမခံ ပေးသင့်သူများအား အာမခံ ပေးခြင်း၊ အဆောက်အဦအသစ်များ တည်ဆောက်ခြင်း စသည်တို့ကို  ဆောင်ရွက်သင့်ပါသည်။

( ခ)   တောင်ကြီးမြို့နယ်၊ နယ်မြေရဲတပ်ဖွဲ့စခန်းအချုပ်ခန်း

(၁)     အချုပ်ခန်းအတွင်း အမှိုက်ပုံး ထားရှိသင့်ပါသည်။

(၂)     အချုပ်ခန်းအတွင်းရှိ အိမ်သာများ၏သန့်ရှင်းရေးအား ဆောင်ရွက်သင့် ပါသည်။

(၃)     အချုပ်ကာလ ကြန့်ကြာနေသူများ လျော့နည်းကျဆင်းရေး ဆောင်ရွက် သင့်ပါသည်။

(၄)     ဝင်ဆံ့မှုထက် ကျော်လွန်နေသဖြင့် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း၊ အချုပ်ခန်းတိုးချဲ့ခြင်း စသည်တို့ကို ဆောင်ရွက်သင့်ပါသည်။

( ဂ)   တောင်ကြီးမြို့နယ်၊ အေးသာယာနယ်မြေရဲတပ်ဖွဲ့စခန်းအချုပ်ခန်း

(၁)     အချုပ်ခန်းအတွင်း အိမ်သာများ သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။

(၂)     အချုပ်ခန်းအတွင်း အမှိုက်ပုံး ထားရှိသင့်ပါသည်။

(၃)     အချုပ်ခန်းများအတွင်း လေဝင်/လေထွက် ကောင်းမွန်အောင် ပြုပြင်သင့် ပါသည်။

(ဃ)   စဝ်စံထွန်းဆေးရုံ အချုပ်ဆောင် (Guard Ward)

(၁)     လူနာများအား ကျား/မ ခွဲခြားထားရှိသင့်ပါသည်။

(၂)     ရေချိုးခန်းနှင့် အိမ်သာအား ကျား/မ ခွဲခြားထားရှိသင့်ပါသည်။

( င)   တောင်ကြီးခရိုင်တရားရုံးအချုပ်ခန်း

(၁)     အချုပ်ခန်းအတွင်း အမှိုက်ပုံး ထားရှိသင့်ပါသည်။

(၂)     အချုပ်ခန်းအတွင်းရှိ အိမ်သာများ သန့်ရှင်းရေး ဆောင်ရွက်ပေးသင့်ပါ သည်။

(၃)     အချုပ်ခန်းအတွင်း သစ်သားကွပ်ပျစ်များ ထားရှိသင့်ပါသည်။

( စ)   ဘန်းကန် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း

(၁)     ကြမ်းခင်းရန်အတွက် ဖယောင်းပုဆိုးများအား ဖြည့်ဆည်းပေးသင့်ပါ သည်။

(၂)     စာကြည့်တိုက်တွင် တိုင်းရင်းသားဘာသာစကားဖြင့် ရေးသားထားသော စာအုပ်များ ထားရှိသင့်ပါသည်။

(၃)     ဝန်ထမ်းများအနေဖြင့် တိုင်းရင်းသားဘာသာစကားများကို လေ့လာသင် ကြားသင့်ပါသည်။

(၄)     သုံးရေ အပြည့်အဝ ပေးနိုင်ရေးအတွက် စီမံဆောင်ရွက်သင့်ပါသည်။

(၅)    ဖွဲ့စည်းပုံနှင့်အညီ ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ပေးသင့်ပါသည်။

(၆)    အကျဉ်းသားအိပ်ဆောင်သစ်များ တိုးချဲ့တည်ဆောက်ပေးသင့်ပါသည်။

(၇)     အများပြည်သူရုံးပိတ်ရက်များတွင် ရဲဘက်အကျဉ်းသားများအား အနား ပေးသင့်ပါသည်။

(၈)    သာမန်လျှော့ရက်၊ ခန့်မှန်းလွတ်ရက်များနှင့်ပတ်သက်၍ အကျဉ်းသား အားလုံးသိရှိအောင် ဆောင်ရွက်သင့်ပါသည်၊

(၉)    အကျဉ်းထောင်လက်စွဲဥပဒေနှင့်အညီ ပြစ်ဒဏ်ပေးသင့်ပါသည်။

(ဆ)     ထီးခမ်းစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း

(၁)       အိပ်ဆောင်တိုင်းတွင် ခြင်၊ ယင်၊ ကြမ်းပိုးများ ကင်းစင်အောင် ဆောင်ရွက် ပေးသင့်ပါသည်။

(၂)       သုံးရေ လုံလောက်စွာ ပေးဝေနိုင်ရေး စီမံဆောင်ရွက်သင့်ပါသည်။

(၃)       ထမင်းစားဆောင် အမိုးအကာများ ပြုပြင်သင့်ပါသည်။

(၄)       စာကြည့်တိုက်တွင် တိုင်းရင်းသားဘာသာဖြင့် ရေးသားထားသော စာအုပ် များ ထားရှိသင့်ပါသည်။

(၅)    ဝန်ထမ်းများမှ တိုင်းရင်းသားဘာသာစကားများကို လေ့လာသင်ယူသင့် ပါသည်။

(၆)    သာမန်လျှော့ရက်၊ ခန့်မှန်းလွတ်ရက်များနှင့်ပတ်သက်၍ အကျဉ်းသား အားလုံး သိရှိအောင် ဆောင်ရွက်သင့်ပါသည်။

( ဇ)    ညောင်ရွှေအကျဉ်းထောင်

(၁)     အိပ်ဆောင်သစ်များအား တည်ဆောက်သင့်ပါသည်။

(၂)     သာမန်လျှော့ရက်၊ ခန့်မှန်းလွတ်ရက်များနှင့်ပတ်သက်၍ အကျဉ်းသား အားလုံး သိရှိအောင် ဆောင်ရွက်သင့်ပါသည်။

(၃)    နိုင်ငံခြားသားအကျဉ်းသားများ၏မိသားစုဝင်များ ဧည့်တွေ့လာရောက်ရန် အခက်အခဲရှိပါက အကျဉ်းသားမှ အမည်စာရင်း တင်ပြသောသူအား ခွင့်ပြုသင့်ပါသည်။

(၄)    လူဦးရေကြပ်တည်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ကူးစက်ရောဂါများ အား ကြိုတင်ကာကွယ်မည့်အစီအမံများ ဆောင်ရွက်ထားသင့်ပါသည်။

(၅)    စာကြည့်တိုက်တွင် တိုင်းရင်းသားဘာသာစကားဖြင့် ရေးသားထားသော စာအုပ်များ ထားရှိသင့်ပါသည်။

(၆)    ကူးစက်ရောဂါသည်များအား သီးခြားခွဲထားသင့်ပါသည်။

(၇)     အကျဉ်းသူများအတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းများ ထုတ်ပေးသင့် ပါသည်။

( ဈ)   တောင်လေးလုံး စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း

(၁)     ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ပေးသင့်ပါသည်။

(၂)     ယင်ကောင်များ မရှိအောင် ဆောင်ရွက်သင့်ပါသည်။

(၃)     သာမန်လျှော့ရက်၊ ခန့်မှန်းလွတ်ရက်များနှင့်ပတ်သက်၍ အကျဉ်းသား အားလုံး သိရှိအောင် ဆောင်ရွက်သင့်ပါသည်။

(၄)    စာကြည့်တိုက်တွင် သတင်းစာ ထားရှိသင့်ပါသည်။

(၅)    အကျဉ်းထောင်လက်စွဲဥပဒေနှင့်အညီ ခြေချင်းခတ်သင့်ပါသည်။

(ည)   တောင်ကြီးမြို့၊ လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ ထိန်းသိမ်းစောင့်ရှောက် ရေးစခန်း ၈ ခု (အမျိုးသမီးဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ရှမ်းရိုးမဘိုးဘွားရိပ်သာ၊ ဓမ္မဝိဒူလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ သူငယ်တော်ယေဇူးလူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ၊ ငြိမ်းချမ်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဒေါ်ကြီး၊ ဒေါ်ငယ် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ၊ ဟမ်းဆီး လူငယ်ဖွံ့ဖြိုးရေးပရဟိတ ဂေဟာနှင့် အေးသာယာလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ)

(၁)     လူတစ်ဦးလျှင် နေ့စဉ်ကျွေးမွေးစရိတ် တိုးမြှင့်ပေးသင့်ပါသည်။

(၂)     သင်ကြားမှုအထောက်အကူပစ္စည်းများ ဖြည့်တင်းပေးသင့်ပါသည်။

(၃)     လူဦးရေကြပ်တည်းသော စခန်းများတွင် အိပ်ဆောင်များ တိုးချဲ့ဆောက် လုပ်သင့်ပါသည်။

                                                မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ မေလ ၃၁ ရက်