မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် အမှတ် (၄/၂၀၁၆)

၁။      နှစ်သစ်ကူး အခါသမယတွင် နိုင်ငံရေး အကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှား သူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသား၊ ကျောင်းသူများ ပြစ်မှုမှ အမြန်ဆုံး လွတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်းများကို အသုံးပြု၍ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ကြေညာချက်အမှတ် ၁/၂၀၁၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့သဖြင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က လှိုက်လှဲစွာ  ကြိုဆိုအပ်ပါသည်။

၂။      နိုင်ငံတော်အစိုးရ၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေး ဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က အစွမ်းဆောင်နိုင်ဆုံး ပံ့ပိုးဆောင်ရွက် သွားမည် ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်