မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဆောင်ရွက်ချက်အမှတ်စဉ် ( ၃၃ /ကာကွယ်/၂၀၁၇)

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင် ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ မြိတ်မြို့နှင့် ကော့သောင်းမြို့များရှိ အကျဉ်းထောင်များအား ၂၂-၁၁-၂၀၁၇ ရက်နေ့မှ ၂၄-၁၁-၂၀၁၇ ရက်နေ့ထိ ကြည့်ရှုစစ်ဆေးခဲ့ပြီး တွေ့ရှိချက်များအပေါ် လိုအပ်ချက်များအား သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၂။      မြိတ်အကျဉ်းထောင်နှင့်ပတ်သက်၍အောက်ပါအတိုင်းအကြံပြုခဲ့ပါသည်-

(က)    ဝန်ထမ်းအင်အားမှာ ဖွဲ့စည်းပုံ ၁၀၉ ဦးအနက် ၅၇ ဦး (၅၂.၂၉ %) သာရှိသဖြင့် ဝန်ထမ်းများ နေ့/ ညတာဝန်ထမ်းဆောင်ရခြင်း၊ နားချိန် နည်းပါးခြင်းနှင့် ခွင့်ခံစားမှု များ လျော့နည်းစွာ ရရှိနိုင်ခြင်းများကြောင့် ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးနိုင်ရေး နည်းလမ်းရှာသင့်ပါသည်။

(ခ)     အကျဉ်းသား တစ်ဦးလျှင် ၆ ပေ x ၁.၅ ပေ သာ အိပ်စက်ရန် နေရာရရှိသဖြင့် လိုအပ်သလို ဆောင်ရွက်သင့်ပါသည်။

(ဂ)     မြိတ်အကျဉ်းထောင်တွင် Intercon တယ်လီဖုန်းများဖြင့် ​ထောင်ဝင်စာ တွေ့ဆုံသည့် စနစ်တွေ့ရှိရသဖြင့် အခြားအကျဉ်းထောင်များအတွက် စံနမူနာပြ သင့်ပါ သည်။

(ဃ)    ဧည့်တွေ့ဆောင်အား ၁၅ ဦးခန့်တွေ့ဆုံနိုင်သည်ထိ တိုးချဲ့ပေးသင့်ပါသည်။

(င)     စာကြည့်တိုက်တွင် ဗဟုသုတရစေမည့် စာအုပ်များ၊ စိတ်ကို တိုးတက်ပြောင်းလဲ စေမည့် စာအုပ်များ ထပ်မံ ဖြည့်ဆည်းသင့်ပါသည်။

(စ)     ရုပ်မြင်သံကြားဇာတ်လမ်းအစီအစဉ်များတွင် စိတ်ကိုနူးညံ့ပျော့ပျောင်းစေမည့် တရား တော်များ၊ ပညာပေးဇာတ်လမ်းများကိုသာ အဓိကထား၍ ပြသပေးသင့်ပါသည်။

၃။      ကော့သောင်းအကျဉ်းထောင်နှင့်ပတ်သက်၍ အောက်ပါအတိုင်း အကြံပြုခဲ့ပါသည်-

(က)    ဝန်ထမ်းအင်အားမှာ ဖွဲ့စည်းပုံ ၁၀၉ ဦးအနက် ၅၅ ဦး (၅၀.၄၅%) သာရှိသဖြင့် ဝန်ထမ်းများ နေ့/ ညတာဝန်ထမ်းဆောင်ရခြင်း၊ နားချိန် နည်းပါးခြင်းနှင့် ခွင့်ခံစားမှု များ လျော့နည်းစွာ ရရှိနိုင်ခြင်းများကြောင့် ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးနိုင်ရေး နည်းလမ်းရှာသင့်ပါသည်။

(ခ)     စာကြည့်တိုက်တွင် ဗဟုသုတရရှိစေပြီး စိတ်ကို တိုးတက် ပြောင်းလဲစေမည့် စာအုပ် စာပေများ ထပ်မံဖြည့်ဆည်းသင့်ပါသည်။

(ဂ)     နေ့စဉ်ထုတ် သတင်းစာ/ဂျာနယ် ၁ စောင်သာ ယူကြောင်း သိရှိရသဖြင့် တိုးယူသင့် ပါသည်။

(ဃ)    အကျဉ်းသားအချို့မှ နေ့စဉ် စာဖတ်၍ အချင်းချင်း စာပေဟောပြောပွဲများ ပြုလုပ်ပေး ခြင်းသည် ကောင်းမွန်မှု ရှိသဖြင့် အခြားအကျဉ်းထောင်၊ ကုန်ထုတ်စခန်းများပါ ဆောင်ရွက်ကြစေရန် ချပြဆောင်ရွက်သင့်ပါသည်။

(င)     ဧည့်တွေ့ဆောင်မှာ ၁၁.၅ ပေသာရှိသဖြင့် တစ်ဦး ၂ ပေနှုန်းဖြင့် ၅ ဦးခန့်သာ တွေ့နိုင်ပါသည်။ သို့ဖြစ်၍ တစ်ကြိမ်လျှင် ၁၅ ဦးတွေ့နိုင်စေရေးအတွက် ၃၀ ပေအထိ တိုးချဲ့ ပြင်ဆင် ဆောက်လုပ်ပေးသင့်ပါသည်။

(စ)     မြိတ်အကျဉ်းထောင်ကဲ့သို့ ဧည့်တွေ့ရာတွင် Intercon ဖြင့် စကားပြောနိုင်ရေး စီစဉ် ဆောင်ရွက်ပေးသင့်ပါသည်။

                                                                   မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ   ၅  ရက်