မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းမီဒီယာသမား ၃ ဦးအား အမှုကျေအေးပေးလိုက်ခြင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက် အမှတ်စဉ် ( ၁၀ /၂၀၁၇)

၁။      ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ဧရာဝတီသတင်းဌာနမှ အကြီးတန်းသတင်းထောက် တစ်ဦးနှင့် ဒီမိုကရက်တစ် မြန်မာ့အသံမှ သတင်းထောက် နှစ်ဦးတို့အား  မတရားအသင်းအက် ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တပ်မတော်မှ တရားလိုပြုလုပ်၍ တရားစွဲဆိုခဲ့ပြီး သီပေါ အကျဉ်းထောင် တွင် ချုပ်နှောင်ခံ နေရကြောင်း သိရှိရပါသည်။

၂။      မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ် ဩဂုတ်လ အတွင်း သီပေါအကျဉ်းထောင်သို့သွားရောက်စစ်ဆေးစဉ် အဆိုပါ သတင်း ထောက် ၃ ဦးတို့နှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့၏တင်ပြချက်များအပေါ် သုံးသပ်၍ ကာကွယ်ရေး ဝန်ကြီးဌာနသို့ ပေးပို့ခဲ့ပါသည်။

၃။      ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ ညနေပိုင်းတွင် တပ်မတော်မှ တရားစွဲဆိုထား ခြင်းအား ကျေအေးရုပ်သိမ်းပေးခဲ့ပြီး သတင်းမီဒီယာသမား ၃ ဦးအား အာမခံပေး၍ လွတ်ပေး လိုက်ကြောင်းကြားသိရသဖြင့် နောင်တွင် တပ်မတော်နှင့် သတင်းမီဒီယာများအကြား အပြန် အလှန် နားလည်ယုံကြည်မှု ပိုမိုတိုးတက် ခိုင်မြဲစေရေးအတွက် အထောက်အကူ ဖြစ်စေသည်ဟု ယူဆပါကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ထောက်ခံကြိုဆို ဖော်ပြအပ် ပါသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့် အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ  ၁  ရက်