မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကချင်ပြည်နယ်ခရီးစဉ်နှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက် (၅/၂ဝ၁၂)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးနှင့် ကော်မရှင်အဖွဲ့ဝင် (၂)ဦးတို့သည် ၂ဝ၁၂ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့မှ (၂၇)ရက်နေ့အထိ ကချင်ပြည်နယ်၊ မြစ်ကြီး နားမြို့နှင့် ဝိုင်းမော်မြို့များသို့သွားရောက်၍ အောက်ပါကော်မရှင်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်-
–    စောင့်ရှောက်ရေးစခန်း(၁၆)ခုသို့သွားရောက်၍ စခန်းနေပြည်သူလူထုနှင့် တွေ့            ဆုံပြီး အားပေးစကားပြောကြားခဲ့ပါသည်။
–    ကော်မရှင်သို့ ကချင်ပြည်နယ်မှ တိုင်ကြားထားသော တိုင်ကြားစာများမှ လူ့အခွင့်အရေးချိုးဖောက်သည်ဟု ယူဆသော တိုင်ကြားစာများနှင့် ပတ်သက်၍             သက်သေများအား ခေါ်ယူစစ်ဆေးခဲ့ပါသည်။
–    ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့်တွေ့ဆုံ၍ ကချင်ပြည်နယ်၏ လက်ရှိအခြေအနေအပေါ် အမြင်ချင်းဆွေးနွေးဖလှယ်ခဲ့ပါသည်။
ကော်မရှင်အဖွဲ့၏ဆောင်ရွက်တွေ့ရှိချက်များအပေါ် ကော်မရှင်အနေဖြင့် အောက်ပါအတိုင်းသုံးသပ်အကြံပြု တိုက်တွန်းအပ်ပါသည်။
–    ကော်မရှင်အဖွဲ့ရောက်ရှိခဲ့သော စခန်းများအား လေ့လာတွေ့ရှိချက်အရ စခန်း များသည် (၁)နှစ်ကျော်ကြာလာပြီဖြစ်သော်လည်း စခန်းနေပြည် သူများအတွက်             အခြေခံလိုအပ်ချက်များကို ယခင်အခြေအနေအတိုင်း ဖြည့်ဆည်းပေးမှုများအား ထိန်းသိမ်းထားနိုင်သည်ကိုတွေ့မြင်ရပါသည်။ ရာသီဥတုကြောင့် ဖြစ်ပေါ်လာသော ရောဂါများနှင့် ပတ်သက်၍ ကျန်းမာရေးစောင့်ရှောက်မှု အတွက်လိုအပ်လျက်ရှိသော ဆေးဝါးများထပ်မံဖြည့်ဆည်းပံ့ပိုးပေးပါရန် သက်ဆိုင်ရာဌာန            အဖွဲ့အစည်းများကို တိုက်တွန်းပါသည်။
–    စခန်းနေပြည်သူများ ရွာပြန်လိုကြောင်းနှင့် ရွာတဝိုက်မိုင်းရှင်းလင်းပေးရန်  တင်ပြမှုများရှိပါသည်။ ပြန်လည်ထူထောင်ရေးမလုပ်မီ မိုင်းရှင်းလင်းရေးပြုလုပ် ပါက လက်နက်ကိုင် အဖွဲ့အစည်းများ၊ သက်ဆိုင်ရာပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ ရွာသားများကိုလည်း မိုင်းအသိ            ပညာပေး သင့်ပါသည်။
–    တိုင်ကြားစာများနှင့် ပတ်သက်၍ သက်သေများ၏ထွက်ဆိုချက်အရ လက်နက်ကိုင်အဖွဲ့များက ကျေးရွာလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုအချို့ရှိနေ             ကြောင်းတွေ့ရှိရပါသည်။ သို့ဖြစ်၍ မည်သို့သောအကြောင်းနှင့်မျှ လူ့အခွင့် ချိုးဖောက်ခြင်းမပြုရန်၊ လူ့အခွင့်အရေးစံများနှင့်အညီ ဆောင်ရွက်ရန်အလေး             အနက် တိုက်တွန်းပါသည်။
–    မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာမှ သက်သေများ၏ထွက်ဆိုချက်အရ             ှုုဗ မှ တာလောကြီးရွာသားများအား တပ်သားသစ်အဖြစ် အတင်း အဓမ္မ စုဆောင်းခြင်း ရှိခဲ့ကြောင်း၊ ှုုဗ ပြည်သူ့စစ်အဖြစ်ဆောင်ရွက်နေသူ တာလော ကြီးရွာသား(၅၃)ဦး အလင်းဝင်ရောက်ခဲ့ကြောင်း သိရှိ ရပါသည်။ မည်သည့် နယ် မြေဒေသတွင်မဆို လက်နက်ကိုင်အဖွဲ့များအနေဖြင့် တပ်သားသစ်များ အတင်းအဓမ္မခေါ်ယူစုဆောင်းခြင်းမပြုရန် တိုက်တွန်းပါသည်။
–    တပ်မတော်က တာလောကြီးရွာသား(၂)ဦးအား ၂ဝ၁၂ခုနှစ်၊ ဇန်နဝါရီလဆန်းတွင် ဖမ်းဆီးစစ်ဆေး၍ သက်ဆိုင်ရာမှတဆင့် တည်ဆဲဥပဒေအရ တရားစွဲဆို            ခဲ့ကြောင်းသိရှိရပါသည်။ ကာယကံရှင်များ နစ်နာမှု မရှိစေရေးအတွက် အမှုများ ဆောလျင်စွာပြီးပြတ်အောင် စစ်ဆေးသင့်ပါသည်။
–    လုံခြုံရေးတပ်ဖွဲ့များက မင်္သကာသူများအား လုံခြုံရေးအရခေါ်ယူ စစ်ဆေးခြင်း၊            တရားဥပဒေနှင့် အညီတရားစွဲဆိုခြင်းများအား ကော်မရှင်အနေဖြင့် အထူး ပြောကြား ရန်မရှိပါ။ သို့သော် စစ်ဆေးစဉ် ညှင်းပမ်း နှိပ်စက်ခြင်းသည် လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်သဖြင့် ရှောင်ကြဉ်ရပါမည်။
နိုင်ငံတော်အစိုးရအနေဖြင့် ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးတွင် ပြည်တွင်းပြည်ပမှအားပေး ထောက်ခံမှုများရရှိနေပြီဖြစ်ပါသည်။ အလားတူပင် နိုင်ငံတော်အစိုးရသည် ထာဝရငြိမ်းချမ်းရေးဖြစ်တည်လာရေး ကြိုးပမ်းရာတွင် သမိုင်းတွင် မှတ်တမ်းတင်နိုင်သော အောင်မြင်မှုများ ရရှိနေပြီဖြစ်ပါသည်။ ယင်းသို့သော အခြေအနေတွင် ပြည်သူများ၏ဆန္နနှင့်အညီ ကချင်ပြည်နယ် ငြိမ်းချမ်းရေးရရှိရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် တိုက်တွန်း အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

ရက်စွဲ။ ၂ဝ၁၂ခုနှစ်၊ သြဂုတ်လ (၁၄)ရက်