ဆောင်ရွက်ချက်အမှတ်စဉ် (၄/ ၂၀၁၇/ ကာကွယ်) (ဘူးသီးတောင် အကျဉ်းထောင်)

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသား/ အချုပ်သား အားလုံးတို့အား တွေ့ဆုံပြီး လူ့အခွင့်အရေးနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂမှ သတ်မှတ်ထားသော အနိမ့်ဆုံး စံနှုန်းများနှင့်အညီ အကျဉ်းသားများအား ထိန်းသိမ်းထားရှိမှု ရှိ မရှိ၊ စားသောက်ခြင်း၊ နေထိုင်ခြင်း၊ အိပ်စက်ခြင်း များတွင် အခြားသူများနှင့် ခွဲခြားဆက်ဆံခြင်း ခံရမှု ရှိ မရှိ၊ ကျန်းမာရေး မကောင်းပါက ဆေး ကုသခွင့် ရှိ မရှိ၊ ကိုးကွယ်ရာ ဘာသာအလိုက် ဝတ်ပြုဆုတောင်းခွင့် ရှိ မရှိ၊ နှိပ်စက်ညှဉ်းပန်း ခံရခြင်း ရှိ မရှိစသည်အချက်များ မေးမြန်းခဲ့ရာ အကျဉ်းကျ နေသူများအားလုံးနှင့် အချုပ်သား အများစုက အကျဉ်းထောင်အတွင်း၌ နေထိုင်စားသောက်ရေး ခွဲခြား ဆက်ဆံမှုမရှိသည့်အပြင် လွတ်လပ်စွာ ကိုးကွယ်ဝတ်ပြုမှုကိုလည်း ရရှိကြောင်းနှင့် ညှဉ်းပန်းနှိပ်စက်မှုမရှိကြောင်း တင်ပြ ကြပါသည်။ သို့ရာတွင် အချုပ်သား ၃၃ ဦးတို့၏ တင်ပြချက်များအရ သက်ဆိုင်ရာတာဝန်ရှိသူ များအနေဖြင့် လိုအပ်သလို စီစဉ်ဆောင်ရွက်သွားနိုင်ရေးအတွက် သမ္မတဦးစီးရုံးနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့သို့ အကြံပြုချက် (၄) ချက်အား မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် မှ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့ ရက်စွဲပါစာဖြင့် ပေးပို့ခဲ့ပါကြောင်း ထုတ်ပြန်အပ် ပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

ရက်စွဲ၊ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်