ဆောင်ရွက်ချက်အမှတ်စဉ် (၂၀/၂၀၁၆/ကာကွယ်) (မာရဘင်ကျောင်းမြေ ကျူးကျော်ကိစ္စ)

၁။      မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ မာရဘင်ကျေးရွာမှ ဆရာတော်ဦးပညာသာမိ က“၁၉၂၃ ခုနှစ်တွင် ဗုဒ္ဓသန္တကဝတ္တကမြေအဖြစ် လှူဒါန်းခဲ့သောမြေ ၅.၇၈ ဧကပေါ်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မြေစာရင်း ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အခြေခံပညာမူလတန်းကျောင်းနှင့် လူနေအိမ် ၄ လုံး ဝင်ရောက် ဆောက်လုပ်နေကြောင်း” တိုင်ကြားစာကို ကော်မရှင်မှ ၂၉-၆-၂၀၁၅ နေ့တွင် လက်ခံရရှိခဲ့ ပါသည်။

၂။      ကော်မရှင်သည် ၁၃-၁၀-၂၀၁၅ နေ့တွင် အစည်းအဝေးထိုင်ပြီး စိစစ်ဆောင်ရွက်ပေးရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၁၆-၁၀-၂၀၁၅ ​နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၃။      ၂ လကျော်လွန်သည့်တိုင် ပြန်ကြားခဲ့ခြင်းမရှိသဖြင့် ၁၈-၁၂-၂၀၁၅ နေ့တွင် ပထမ အကြိမ်နှင့် ၆-၄-၂၀၁၆ နေ့တွင် ဒုတိယအကြိမ်နှိုးဆော်ခဲ့ရာ ၉ လအကြာမှ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က “တိုင်ကြားစာပါ နေရာတွင် ဆောက်လုပ်ခဲ့သည့် မာရဘင်ကျေးရွာ အမှတ် (၂၉) အခြေခံပညာမူလတန်းကျောင်းကို ပြောင်းရွှေ့နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ၂၁-၇-၂၀၁၆ တွင် ပြန်ကြားခဲ့ရာ၊ ကော်မရှင် မှ ၂၇-၇-၂၀၁၆ နေ့တွင် လက်ခံရရှိခဲ့ပါသည်။

၄။      တိုင်ကြားသူများထံသို့ ၁၅-၈-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ပါသည်။

ရက်စွဲ၊ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်