ဆောင်ရွက်ချက်အမှတ်စဉ်(၂၂/၂၀၁၆/ကာကွယ်) (ရနောင်းလူသတ်မှု)

၁။      ၂၀-၁၀-၂၀၁၆ ရက်နေ့တွင် ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ ရနောင်းမြို့၌ အသက် ၁၈ နှစ် အရွယ် ကျောင်းသူတစ်ဦးကို သတ်ဖြတ်သည်ဟူသော သံသယဖြင့် မြန်မာနိုင်ငံသား မောင်မိုး ဇင်အောင်၊ အသက် ၁၅ နှစ်နှင့် မောင်ကျော်ရဲအောင်၊ အသက် ၁၆ နှစ်တို့ကို ထိုင်းနိုင်ငံရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့သည်ဟု ကြားသိရပါသည်။

၂။      ၂၇-၁၀-၂၀၁၅ နေ့တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အဆိုပါ မြန်မာနိုင်ငံသား ၂ ဦးကို လူ့အခွင့်အရေးစံနှုန်းများနှင့်အညီ ထိန်းသိမ်းထားရှိရေး၊ ပြစ်မှုအား စနစ်တကျ စုံစမ်းဖော်ထုတ်ရေးနှင့် ပြစ်မှုကျူးလွန်မှုရှိခဲ့လျှင် အသက် ၁၈ နှစ် မပြည့်သေး သော ကလေးသူငယ်များဖြစ်သည့်အတွက် နိုင်ငံတကာကလေးသူငယ်ဥပဒေနှင့်အညီ သက် ညှာစွာ တရားစီရင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့် အရေးကော်မရှင်သို့ အကြောင်းကြားစာပေးပို့ခဲ့ပါသည်။

၃။      ၂-၁၁-၂၀၁၅ ရက်နေ့တွင် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က “ပေးပို့ သောစာကို လက်ခံရရှိပါကြောင်း၊ ၁၉၉၉ ခုနှစ်တွင် ပြဌာန်းထားသည့် ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥပဒေပါ ပြဌာန်းချက်များနှင့်အညီ အမှုနှင့်စပ်လျဉ်းသည့် လေ့လာ တွေ့ရှိချက်များကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ အကြောင်းပြန်ကြား မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် အမှုနှင့်စပ်လျဉ်း သည့် သတင်းအချက်အလက်များနှင့် အထောက်အထားများကို အီးမေးလ်ဖြင့် ဆက်သွယ် ပေးပို့နိုင်ပါကြောင်း” ပြန်ကြားခဲ့ပါသည်။

၄။      ၂-၆-၂၀၁၆ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းထားသည့် မြန်မာနိုင်ငံသားနှစ်ဦးအား ထိုင်း နိုင်ငံ တရားဥပဒေနှင့်အညီ စစ်ဆေးစီရင်ရေး၊ နှိပ်စက်ညှဉ်းပန်းမှု မပြုရေး၊ မိဘများ၊ ရှေ့နေ များနှင့် တွေ့ဆုံခွင့်ပြုရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိရေးတို့အတွက် ဆက်လက် ကူညီဆောင်ရွက်ပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံအမျိုး သားလူ့အခွင့်အရေးကော်မရှင်သို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ပါသည်။

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်