ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တည်ရှိသော အကျဉ်းထောင်၊ ရဲအချုပ်ခန်း၊ ဆေးရုံ အချုပ်ခန်း၊ တရားရုံးအချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၅/၂၀၁၆)

၁။      ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် တည်ရှိသော အကျဉ်းထောင်၊ ရဲအချုပ်ခန်း၊ ဆေး ရုံအချုပ်ခန်း၊ တရားရုံးအချုပ်ခန်းနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းတို့အား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါက်တာ ဉာဏ်ဇော်နှင့် ဒေါ်မြမြတို့သည် ၂၉-၃-၂၀၁၆ နေ့မှ ၃၁-၃-၂၀၁၆ နေ့ထိ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး အကျဉ်းသား ၂၂ ဦး၊ အကျဉ်းသူ ၉ ဦး၊ အချုပ်သား ၂ ဦး၊ အချုပ်သူ ၃ ဦး၊ စုစုပေါင်း ၃၆ ဦးတို့အား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များ

၂။        အောက်ပါအတိုင်း စစ်ဆေးတွေ့ရှိရပါသည်-

(က)   မြစ်ကြီးနားအကျဉ်းထောင်

(၁)     မြစ်ကြီးနားအကျဉ်းထောင်သည် “က”အဆင့် အကျဉ်းထောင်ဖြစ်ကြောင်း၊ တစ်ဦးလျင် ၁၈ စတုရန်းပေနှုန်းဖြင့် ထားရှိနိုင်သည့်ဦးရေ ၁၈၆၈ ဦးဖြစ် သော်လည်း လက်ရှိဦးရေ ၂၈၇၁ ဦးဖြစ်သဖြင့် ဝင်ဆံ့မှုထက် ကျော်လွန် နေကြောင်း၊ နေရာထိုင်ခင်း၊ ရေချိုးခြင်းနှင့် အိမ်သာသုံးခြင်းများတွင် ကျပ်တည်းနေကြောင်း  တွေ့ရှိရပါသည်။

(၂)     ရေသန့်စက် ရှိသော်လည်း အကျဉ်းသားများအား ရေသန့် ဖြန့်ဝေခြင်း မရှိကြောင်း တွေ့ရှိရပါသည်။

(၃)     အကျဉ်းသားအိပ်ဆောင်အချို့တွင် ကွပ်ပျစ်များ လုံလောက်မှု မရှိသဖြင့် အချို့အကျဉ်းသားများ သံမံတလင်းပေါ်တွင် အိပ်စက်နေရပါသည်။

(၄)     အိပ်ဆောင်အချို့တွင် ကွပ်ပျစ်များပေါ်၌ ခင်းထားသည့် ဖယောင်းပုဆိုး များ စုတ်ပြဲနေပါသည်။

(၅)    သာမန်လျှော့ရက်၊ ခန့်မှန်းလွတ်ရက်များနှင့်ပတ်သက်၍ အကျဉ်းသား အချို့မှ သိရှိခြင်း မရှိပါ။

(၆)    နေမကောင်းသောအကျဉ်းသူများအတွက် သီးသန့်နေရာ မရှိပါ။

(၇)     အကျဉ်းသား၊ အကျဉ်းသူများအတွက် သုံးရေ မလုံလောက်ကြောင်း တွေ့ရှိ ရပါသည်။

(၈)    အိပ်ဆောင်များတွင် လူဦးရေ ကျပ်တည်းသဖြင့် အနံ့အသက် ဆိုးရွားပါ သည်။

(၉)    အကျဉ်းသူများအတွက် အမျိုးသမီး လစဉ်သုံးပစ္စည်းများ ထုတ်ပေးမှု မရှိ ကြောင်း တွေ့ရှိရပါသည်။

(၁၀)  အချို့အကျဉ်းသားအိပ်​ဆောင်မှူးများမှ နေ့စဉ် နံနက်တိုင်း ရုန့်ရင်းကြမ်း တမ်းစွာ ဆဲဆိုနေမှုများရှိကြောင်း ကြားသိရပါသည်။

( ခ)   မြစ်ကြီးနားမြို့မရဲစခန်းအချုပ်

(၁)     အချုပ်ခန်းအတွင်း လေကောင်း/လေသန့် မရရှိကြောင်းနှင့် သန့်ရှင်းသပ် ရပ်မှု မရှိကြောင်း တွေ့ရှိရပါသည်။

(၂)     ရေချိုးခန်းနှင့် အိမ်သာများတွင် အနံ့အသက်များ ဆိုးရွားပါသည်။

(၃)     အချုပ်ခန်းအတွင်း အမှိုက်ပုံး မရှိကြောင်း တွေ့ရှိရပါသည်။

(၄)     အချုပ်သူများ ထားရှိသောအခန်းတွင် ရေလောင်းအိမ်သာမရှိဘဲ ပလတ်စ တစ်ပုံးဖြင့်သာ အသုံးပြုနေရကြောင်း တွေ့ရှိရပါသည်။

          ( ဂ)   မြစ်ကြီးနားပြည်သူ့ဆေးရုံ အချုပ်ဆောင် (Guard Ward)

(၁)     မျက်နှာကျက် ပျက်စီးပြီး မိုးယိုနေပါသည်။

(၂)     ရေချိုးခန်းနှင့် အိမ်သာအား အမျိုးသား/အမျိုးသမီး ခွဲခြားထားမှု မရှိ ကြောင်း တွေ့ရှိရပါသည်။

(ဃ)   မြစ်ကြီးနားမြို့၊ ပြည်နယ်တရားလွှတ်တော်ချုပ် အချုပ်ခန်း

(၁)     အချုပ်ခန်းဝင်ပေါက်သည် ၂ ပေခွဲပတ်လည်ခန့်သာရှိ၍ ဆောင့်ကြောင့်ထိုင် ၍ ဝင်ရောက်ရပါသည်။

(၂)     အချုပ်ခန်းအတွင်းရှိ အိမ်သာများ ညစ်ပတ်နေပါသည်။

( င)   ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများ (စီတာပူဆွတ်ငိုင်တောင်၊ မန်ခိန်၊ ရွှေစက်၊ တပ်ကုန်း အင်ဂျန်ဒုံ၊ လယ်ကုန်းဇီးအုန်၊ မြို့သစ်ကြီး ဂျန်မိုင်ကောင်း နှစ်ခြင်းနှင့် အာရ်စီ)

(၁)     WFP, UNHCR နှင့် အခြား INGOs များက ယခင်က လုံလောက်စွာ  ရိက္ခာထောက်ပံ့ပေးခဲ့သော်လည်း  ယခု လူ ၁ ဦးချင်းစီအား ၁ လ အတွက် ထောက်ပံ့ငွေ ၉၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်အတွင်းသာ ပေးအပ် သဖြင့် ၎င်းတို့အတွက် လောက်ငှမှု မရှိကြောင်း သိရှိရပါသည်။

(၂)     အအေးဒဏ်ခံနိုင်သော အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ ပြည့်စုံလုံလောက်မှု မရှိကြောင်း တွေ့ရှိရပါသည်။

(၃)     အိပ်ဆောင်များသည် လူဦးရေဝင်ဆံ့မှုထက် ကျော်လွန်နေကြောင်း တွေ့ ရှိရပါသည်။

(၄)     စီတာပူဆွတ်ငိုင်တောင်နှင့် ရွှေစက်နှစ်ခြင်းစခန်းများတွင် သုံးရေ လုံ လောက်မှု မရှိကြောင်း တွေ့ရှိရပါသည်။

(၅)    ရွှေစက်နှစ်ခြင်းနှင့် တပ်ကုန်းအင်ဂျန်ဒုံစခန်းများတွင် ယင်လုံအိမ်သာ သည် လူဦးရေနှင့်နှိုင်းယှဉ်ပါက လုံလောက်မျှတမှု မရှိကြောင်း တွေ့ရှိရပါ သည်။

(၆)      စခန်းများတွင် လူဦးရေ တိုးပွားနေကြောင်း သိရှိရပါသည်။

(၇)       စုပေါင်းမီးဖိုဆောင်များ ထားရှိသော်လည်း အချို့စခန်းများတွင် အခန်း အတွင်း၌ မီးဖိုများ အသုံးပြုနေကြသဖြင့် မီးလောင်မှုများ ဖြစ်ပွားနိုင်ပါသည်။

(၈)      စခန်းတွင် နေထိုင်သည့်ကာလ ၆ နှစ်ကျော်လာပြီဖြစ်သဖြင့် အလှူရှင် အဖွဲ့အစည်းများအနေဖြင့် ထောက်ပံ့ပေးနိုင်မှု  လျော့နည်းကျဆင်းလာ ကြောင်း တွေ့ရှိရပါသည်။

အကြံပြုတိုက်တွန်းချက်များ

၃။      အောက်ပါအတိုင်းဖြစ်ပါသည်-

(က)   မြစ်ကြီးနားအကျဉ်းထောင်

(၁)     မြစ်ကြီးနားအကျဉ်းထောင်သည် ဝင်ဆံ့မှုထက် ကျော်လွန်နေပါသဖြင့် အကျဉ်းသားအိပ်ဆောင်များ တိုးချဲ့ဆောက်လုပ်သင့်ပါသည်။

(၂)     အကျဉ်းသားများအား သောက်ရေသန့် တိုက်ကျွေးသင့်ပါသည်။

(၃)     ကွပ်ပျစ်များ အလုံအလောက် ပြုလုပ်ပေးသင့်ပါသည်။

(၄)     အိပ်ဆောင်တိုင်းတွင် ဖယောင်းပုဆိုးများ အလုံအလောက် ခင်းကျင်းပေး သင့်ပါသည်။

(၅)    သာမန်လျှော့ရက်နှင့် ခန့်မှန်းလွတ်ရက်များအား အကျဉ်းသားအားလုံး သိရှိနိုင်ရန် ဆောင်ရွက်ပေးသင့်ပါသည်။

(၆)    နေမကောင်းသောအကျဉ်းသူများအတွက် သီးသန့်နေရာ စီစဉ်ပေးသင့်ပါ သည်။

(၇)     အကျဉ်းသား၊ အကျဉ်းသူများအတွက် သုံးရေ လုံလောက်အောင် စီစဉ်ပေး သင့်ပါသည်။

(၈)    အိပ်ဆောင်များတွင် အနံ့အသက် မရှိစေရန် သန့်ရှင်းရေး ဆောင်ရွက်ပေး  သင့်ပါသည်။

(၉)    အကျဉ်းသူများအား အမျိုးသမီး လစဉ်သုံးပစ္စည်းများ ထုတ်ပေးသင့်ပါ သည်။

(၁၀)  အကျဉ်းသားအိပ်ဆောင်မှူးများမှ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုနေမှုများ အား ပြုပြင်သင့်ပါသည်။

( ခ)   မြစ်ကြီးနားမြို့မရဲစခန်းအချုပ်

(၁)     အချုပ်ခန်းအတွင်း လေကောင်း/လေသန့် ရရှိရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိ စေရေး ဆောင်ရွက်ပေးသင့်ပါသည်။

(၂)     ရေချိုးခန်းနှင့် အိမ်သာများတွင် အနံ့အသက် မရှိစေရန် သန့်ရှင်းရေး ဆောင်ရွက်သင့်ပါသည်။

(၃)     အချုပ်ခန်းအတွင်း အမှိုက်ပုံး ထားရှိသင့်ပါသည်။

(၄)     အချုပ်သူများ အခန်းတွင် ရေလောင်းအိမ်သာ ထားရှိသင့်ပါသည်။

          ( ဂ)   မြစ်ကြီးနားပြည်သူ့ဆေးရုံ အချုပ်ဆောင် (Guard Ward)

(၁)     အမိုးနှင့် မျက်နှာကျက်အား ပြုပြင်သင့်ပါသည်။

(၂)     ရေချိုးခန်းနှင့် အိမ်သာအား အမျိုးသား/အမျိုးသမီး ခွဲခြားထားရှိသင့်ပါ သည်။

(ဃ)   မြစ်ကြီးနားမြို့၊ ပြည်နယ်တရားလွှတ်တော်ချုပ် အချုပ်ခန်း

(၁)     အချုပ်ခန်းဝင်ပေါက်များကို လူတစ်ရပ်အမြင့်ထိ တိုးချဲ့ဖောက်လုပ်သင့်ပါ သည်။

(၂)     အချုပ်ခန်းအတွင်း၌  အိမ်သာများ သန့်ရှင်းမှု ကောင်းမွန်ရေး ဆောင်ရွက် သင့်ပါသည်။

( င)   ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများ (စီတာပူဆွတ်ငိုင်တောင်၊ မန်ခိန်၊ ရွှေစက်၊ တပ်ကုန်း အင်ဂျန်ဒုံ၊ လယ်ကုန်းဇီးအုန်၊ မြို့သစ်ကြီး ဂျန်မိုင်ကောင်း နှစ်ခြင်းနှင့် အာရ်စီ)

(၁)     လူဦးရေ ဝင်ဆံ့မှုထက် ကျော်လွန်နေသောစခန်းများတွင် အိပ်ဆောင် များ တိုးချဲ့ဆောက်လုပ်ပေးသင့်ပါသည်။

(၂)     စီတာပူဆွတ်ငိုင်တောင်နှင့် ရွှေစက်နှစ်ခြင်းစခန်းများတွင် ရေအလုံအ လောက်ရရှိရန် စီစဉ်ပေးသင့်ပါသည်။

(၃)     ရွှေစက်နှင့် တပ်ကုန်းအင်ဂျန်ဒုံစခန်းများရှိ ယင်လုံအိမ်သာများ တိုးချဲ့ ဆောက်လုပ်ပေးခြင်း၊ အိမ်သာကျင်းများမှ မိလ္လာများအား စုပ်ထုတ်ခြင်း များ ပြုလုပ်ပေးသင့်ပါသည်။

(၄)       စခန်းအတွင်း လူဦးရေ မြင့်တက်နေပါသဖြင့် သားဆက်ခြားရေးနှင့် ကျန်းမာ ရေးအသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးသင့်ပါသည်။

(၅)      စခန်းများအတွင်း သတ်မှတ်ထားသောနေရာများ၌သာ ချက်ပြုတ်ရေး၊ မီး ဘေးလုံခြုံရေးတို့အတွက် ကြပ်မတ်ပေးသင့်ပါသည်။

(၆)  နယ်မြေအေးချမ်းမှု ရှိသောနေရာများတွင် ပြည်နယ်အစိုးရမှ လုံခြုံရေး အာ မခံပြီး ပြန်လည်အခြေချရန် စည်းရုံးသိမ်းသွင်းခြင်းနှင့် ပညာပေး ဆွေးနွေး ခြင်းများ ဆောင်ရွက်သင့်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၁ ရက်